အင်တာနက်စာမျက်နှာတွေပေါ်မှာ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်း နာမည်ကြီး ဘောလုံးကလပ်အသင်းတွေ ဝတ်ဆင်သွားမယ့် အိမ်ကွင်းအဝေးကွင်း ဝတ်စုံသစ်တွေရဲ့ ဒီဇိုင်းသစ်တွေ ထွက်ပေါ်လို့နေပြီး အခုထွက်ရှိထားသလောက်ဆိုရင်တော့ ပရိသတ်တွေ စိတ်တိုင်းမကျလောက်တဲ့ ပုံစံတွေသာ ဖြစ်နေရပါတယ်။ ဆိုတော့ကာ ထွက်ပေါ်ထားခဲ့တဲ့ ဝတ်စုံသစ်တွေထဲကမှ နာမည်ကျော် ကလပ်အသင်းတွေရဲ့ ဝတ်စုံဒီဇိုင်းသစ်တွေကို MySport Myanmar ပရိသတ်တွေအတွက် ဖော်ပြပေးသွားချင်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်

ကမ္ဘာပေါ်မှာ ပရိသတ်အားပေးမှု အများဆုံးအသင်းဖြစ်တာနဲ့အညီ ယူနိုက်တက်ရဲဲ့ ဝတ်စုံဒီဇိုင်းတွေဟာလည်း အမျိုးမျိုးကို ထွက်ပေါ်လို့နေပြီး အိ်မ်ကွင်းဝတ်စုံဆိုရင်ပဲ (၂)မျိုးထွက်ပေါ်နေပါတယ်။ (၁)မျိုးကတော့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ရတဲ့ ဘတ်စ်စကားထိုင်ခုံဒီဇိုင်းဖြစ်ပြီး နောက်တစ်မျိုးကတော့ ယခင်ဝတ်ထားခဲ့ဖူးတဲ့ ပုံစံအတိုင်းဖြစ်ပါတယ်။ အဝေးကွင်းဝတ်စုံက အမည်းရောင်နဲ့တစ်မျိုးနဲ့ မြင်းကျားပုံစံလို တတိယမြောက် ဝတ်စုံဒီဇိုင်းဆိုပြီး အင်တာနက်ပေါ်မှာ  ထွက်ပေါ်လို့ထားပါတယ်။

အာဆင်နယ်

အာဆင်နယ်အသင်းကတော့ အိမ်ကွင်းဝတ်စုံကို ပုံစံတွေ အများကြီးမပြောင်းပဲ သူတို့စပွန်ဆာစာသားကိုသာ Emirates အောက်က Fly Better ဆိုတဲ့ စာသာလေး ထည့်သွင်းလာဖို့ရှိနေပါတယ်။ ဒါပေမယ့် အွန်လိုင်းမှာ ပျံ့နှံလို့နေတဲ့ အာဆင်နယ်ရဲ့ အဝေးကွင်းဝတ်စုံဒီဇိုင်းကတော့ အဖြူရောင်ပေါ်မှာ သွေးနီတွေစွန်းထင်နေသလို ပုံစံမျိုး ဒီဇိုင်းဖော်ထားတာဖြစ်လို့ မသိရင် The Walking Dead ဒီဇိုင်းကိုများ ဖန်တီးထားသလားလို့တောင် ထင်မှားစေရပါတယ်။

ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်လို့ကတော့ ဝတ်စုံဒီဇိုင်းသစ်က တစ်မျိုးတည်းသာ ထွက်ပေါ်ထားခဲ့ပြီး တတိယမြောက်ဝတ်စုံဖြစ်ပါတယ်။ ဒါပေမယ့် ဒီဝတ်စုံသစ်ပုံစံကိုကြည့်လိုက်တာနဲ့ ဒါက ချယ်လ်ဆီးအသင်း ဝတ်စုံလို့ မထင်မိပဲ ခရစ္စတယ်ပဲလေ့စ်ဝတ်စုံလို့သာ ထင်မိမှာတော့ သေချာပါတယ်။

စပါး

နောက်ထပ်လန်ဒန်အသင်းဖြစ်တဲဲ့ စပါးအသင်းရဲ့ အိမ်ကွင်းဝတ်စုံဒီဇိုင်းဟာလည်း အွန်လိုင်းပေါ်မှာ ပျံနှံနေပြီး အသင်းရဲ့အဓိကအရောင်ဖြစ်တဲ့ အဖြူကိုမှ နက်ပြာ အဝါတွေနဲ့ ရောစပ်လို့ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အရှေ့မျက်နှာစာ အဖြူပေါ်မှာ အရင်လို ဗြောင်ပုံစံမဟုတ်တော့ပဲ မီးခိုးရောင် အကွက်လေးတွေကို ပုံဖော်ထားတာကြောင့် စပါးပရိသတ်တွေကတော့ စိတ်ပျက်လို့နေပါတယ်။ ကျန်တဲ့အသင်းတွေရဲ့ ဝတ်စုံဒီဇိုင်းတွေကိုလည်း မနက်ဖြန်မှာ ဆက်လက်ဖော်ပြသွားပါမယ်။