MySport Myanmar

World cup ကာလအတွင်း ခြေစမ်းပွဲတစ်ပွဲ ကစားဖို့ စီစဉ်လိုက်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပနေတဲ့ အချိန်ကာလအတွင်းမှာပဲ စပိန်လာလီဂါကလပ် ကာဒစ်ဇ်အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်လိုက်ပြီဖြစ်ကြောင်း အသင်းရဲ့ တရားဝင် တွစ်တာစာမျက်နှာပေါ်ကနေ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

Photo Credit : FIFA

ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ နိုဝင်ဘာ(၂၀)ရက်နေ့ကနေ ဒီဇင်ဘာ(၁၈)ရက်နေ့အထိ တစ်လနီးပါး ကျင်းပသွားမှာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ့ဖလားကို လိုက်ပါဆင်နွဲခွင့် မရှိခဲ့ရတဲ့ ကစားခွင့်မရှိတဲ့ ကစားသမားတွေနဲ့ ခြေစမ်းပွဲတစ်ပွဲ ကစားသွားဖို့အတွက် ယူနိုက်တက်အသင်းဘက်က ပြင်ဆင်လာခဲ့ပါတယ်။ ယူနိုက်တက်အသင်းက နိုဝင်ဘာ(၁၃)ရက်နေ့ ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ကစားပြီးတာနဲ့ world cup ကြောင့် ဒီဇင်ဘာ (၂၈)ရက်နေ့မှသာ နော်တင်ဟမ်ဖောရက်စ်နဲ့ ပြန်ကစားရမှာတော့ ဖြစ်လို့ world cup မှာ ပါဝင်ခြင်းမရှိတဲ့ ကစားသမားတွေနဲ့ ခြေစမ်းပွဲ ကစားသွားဖို့ စီစဉ်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းက လာလီဂါကလပ်အသင်းဖြစ်တဲ့ ကာဒစ်ဇ်နဲ့ လာမယ့် ဒီဇင်ဘာ (၇)ရက်နေ့မှာ ကာဒစ်ဇ်အသင်းရဲ့ အိမ်ကွင်းတွင် ခြေစမ်းပွဲတစ်ပွဲ ကစားသွားမှာဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။ ဒီခြေစမ်းပွဲစဉ်က ဒီဇင်ဘာလနှောင်းပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအပြီး ပရီးမီးယားလိဂ် ပြန်လည် မစတင်ခင်မှာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်နဲ့အတူ ကမ္ဘာ့ဖလားမှာ ပါဝင်ခြင်းမရှိတဲ့ ယူနိုက်တက် ကစားသမားတချို့က တစ်ပတ်ကြာ ဆောင်းရာသီ လေ့ကျင့်ခန်းအတွက် အခုလို စီစဉ်လိုက်ရခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။ လက်ရှိအခြေအနေတွေအရဆိုရင် ဂိုးသမားဒီဂီယာအပါအဝင် မာရှယ် ဆန်ချို ဗန်ဒယ်ဘိခ်တို့လို ထိပ်တန်းကစားသမားတွေက သူတို့ရဲ့ လက်ရှိ စွမ်းဆောင်ရည်တွေနဲ့ လက်ရွေးစင်အသင်းတွေရဲ့ ချန်လှပ်မှုတွေကြောင့် ကမ္ဘာ့ဖလားကို လွဲချော်ရဖို့ ရှိနေရသလို တွမ်မီနေး လင်ဒီလော့ အီလန်ဂါတို့ရဲ့ လက်ရွေးစင်အသင်းတွေဟာလည်း ကမ္ဘာ့ဖလားကို ခြေစစ်ပွဲ မအောင်ထားခဲ့တာကြောင့် ကာဒစ်ဇ်အသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်လာရဖို့ ရှိနေရပါတယ်။ ဒါ့အပြင် ဒဏ်ရာပြသာနာ ရှိနေရတဲ့ နောက်ခံလူ ဗာရန်းလည်း ကမ္ဘာ့ဖလားနဲ့ လွဲချော်ရနိုင်ဖွယ် ရှိနေလို့ တကယ်လို့သာ ဒေ့ရှောင့်က ဗာရန်းကို ပြင်သစ်လူစာရင်းကနေ ချန်လှပ်ခဲ့မယ်ဆိုရင် ဗာရန်းလည်း ကာဒစ်ဇ်နဲ့ပွဲကို ပါဝင်လာနိုင်ပါတယ်။

Exit mobile version