ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်းဖြစ်တဲ့ မန်ယူအသင်း ကတော့ စပါးအသင်းရဲ့ နည်းပြဟောင်း ပိုချက်တီနိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စတင် ချိတ်ဆက် လာကြောင်း အင်္ဂလန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ဝက်လောက်မှာ စပါးအသင်းကနေ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပြီး စပါးအသင်းကနေ ထုတ်ပယ်ခံခဲ့ရ အပြီးမှာ ဥရောပ ထိပ်တန်းအသင်းကြီး များစွာနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဘယ်အသင်းကိုမှ ကိုင်တွယ်ခွင့် မရသေးပဲ လက်ရှိအချိန်အထိ အသင်းလက်မဲ့ ထိပ်တန်း နည်းပြတစ်ဦး အဖြစ် ရှိနေသူ တစ်ဦးပါ။

Photo Credit: Express

မန်ယူအသင်းကတော့ လက်ရှိမှာ အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဆိုးလ်ရှားကို အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ထားကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကောင်းမွန်တဲ့ ရလဒ်တချို့ကို ရရှိခဲ့ပေမယ့် လက်ရှိရာသီ အစမှာတော့ အသင်းရဲ့ ကစားပုံနဲ့ ရလဒ်တွေဟာ ထင်ထားသလောက် ကောင်းမွန်မနေပါဘူး။ အထူးသဖြင့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၁-၆ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာဟာ ဆိုးလ်ရှားအပေါ် အတော်လေးကို ဖိအားများစေခဲ့ပြီး လက်ရှိမှာတော့ အသင်းရဲ့ ပရိသတ်တချို့ဟာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ ပြောဆိုလာကြပါတယ်။ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာလည်း ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ စတင် စဉ်းစားလာခဲ့ကြောင်း သိရပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Mirror သတင်းဌာနကတော့ မန်ယူအသင်းဟာ စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပိုချက်တီနိုထံ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့သလို ပိုချက်တီနိုဟာလည်း မန်ယူအသင်းရဲ့ နည်းပြရာထူးကို ရယူလိုနေကြောင်း ဖော်ပြသွားပါတယ်။ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ယခုနှစ် နွေစျေးကွက် အတွင်းမှာ ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူချင်ခဲ့ပေမယ့် မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့က လူငယ် တောင်ပံ ကစားသမားတွေကိုသာ ခေါ်ယူခဲ့တာကို ကြည့်ခြင်းအားဖြင့် မန်ယူအသင်းဟာ ဆိုးလ်ရှားအပေါ်ကို အရင်ကလို အလုံးစုံ ယုံကြည်မှု မရှိတော့ပဲ မန်ယူအသင်းရဲ့ ရလဒ်တွေဟာ ဆက်လက် ဆိုးရွားနေပါက ပိုချက်တီနိုဟာ ယခုလ အတွင်းမှာပဲ မန်ယူအသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်ကြောင်း ဘောလုံး သုတေသီတွေက သုံးသပ် သွားကြပါတယ်။