ပရီးမီးယားလိ​ဂ္ အသင္းႀကီးတစ္သင္းျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ လက္ရွိ ေဘာလုံးရာသီမွာေတာ့ ဆိုးဝါးတဲ့ရလဒ္ေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အသင္းတစ္သင္းျဖစ္ၿပီး အဓိက ကစားသမားအေတာ္မ်ားမ်ားလဲ ဒဏ္ရာရရွိေနၾကပါတယ္။ ဒါ့ေၾကာင့္လည္း ေဘာလုံး ကၽြမ္းက်င္သူေတြက ယူနိုက္တက္အသင္းကို ယခု ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အေရးေပၚ လူေခၚယူမွုေတြ ျပဳလုပ္သင့္ေၾကာင္း ေထာက္ျပထားၾကေပမယ့္ ယူနိုက္တက္ဘက္ကေတာ့ လက္ရွိအခ်ိန္အထိ ကစားသမားေခၚယူမွုကို မျပဳလုပ္ထားေသးပါဘူး။

Photo Credit: Express.com

ဘန္ေလအသင္းကို အေရးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာေတာ့ ယူနိုက္တက္အသင္းရဲ့ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိရမယ္ဆိုတဲ့ အိမ္မက္ ဟာ ေဝဝါးလာခဲ့ၿပီး အသင္းဘက္က ရလဒ္ဆိုးေတြအတြက္ နည္းျပဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ စဥ္းစားလာပါတယ္။ ဒါေပမယ့္ ယူနိုက္တက္ရဲ့ ပရိသတ္ေတြကေတာ့ နည္းျပဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ထက္ အသင္းရဲ့ ကစားသမား ေခၚယူမွုေတြမွာ အဓိကက်သူျဖစ္တဲ့ ဒုတိယ ဥကၠဌ အက္ဝုဒ္ဝက္ကိုသာ အသင္းကေန ထြက္ခြာသြားဖို႔အတြက္ တိုက္တြန္းေျပာဆိုေနၾကပါတယ္။

Photo Credit: Express.com

ယူနိုက္တက္ပရိသတ္ေတြဟာ အင္တာနက္ စာမ်က္ႏွာေတြေပၚကေန အက္ဝုဒ္ဝက္ ထြက္ခြာသြားဖို႔အတြက္ အရွိန္အဟုန္ျမႇင့္​ကာ ႀကိဳးပမ္းေနၾကၿပီး #edwoodout ဆိုတဲ့ Hashtagဟာ အင္စတာဂရမ္ေပၚမွာ အသုံးအမ်ားဆုံး Hashtag တစ္ခု ျဖစ္သြားခဲ့ပါတယ္။ ဒါ့အျပင္ ယူနိုက္တက္ပရိသတ္ေတြ ဟာ လာမယ့္ပြဲစဥ္မွ စတင္ကာ အက္ဝုဒ္ဝက္ကို တရားဝင္ ဆန႔္က်င္ ဖို႔ စတင္စီစဥ္ေနၾကၿပီလို႔လည္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားၾကပါတယ္။

ပရီးမီးယားလိ​ဂ် အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာတော့ ဆိုးဝါးတဲ့ရလဒ်တွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းတစ်သင်းဖြစ်ပြီး အဓိက ကစားသမားအတော်များများလဲ ဒဏ်ရာရရှိနေကြပါတယ်။ ဒါ့ကြောင့်လည်း ဘောလုံး ကျွမ်းကျင်သူတွေက ယူနိုက်တက်အသင်းကို ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အရေးပေါ် လူခေါ်ယူမှုတွေ ပြုလုပ်သင့်ကြောင်း ထောက်ပြထားကြပေမယ့် ယူနိုက်တက်ဘက်ကတော့ လက်ရှိအချိန်အထိ ကစားသမားခေါ်ယူမှုကို မပြုလုပ်ထားသေးပါဘူး။

Photo Credit: Express.com

ဘန်လေအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ ယူနိုက်တက်အသင်းရဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရမယ်ဆိုတဲ့ အိမ်မက် ဟာ ဝေဝါးလာခဲ့ပြီး အသင်းဘက်က ရလဒ်ဆိုးတွေအတွက် နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ဖို့ စဉ်းစားလာပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ပရိသတ်တွေကတော့ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ဖို့ထက် အသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေမှာ အဓိကကျသူဖြစ်တဲ့ ဒုတိယ ဥက္ကဌ အက်ဝုဒ်ဝက်ကိုသာ အသင်းကနေ ထွက်ခွာသွားဖို့အတွက် တိုက်တွန်းပြောဆိုနေကြပါတယ်။

Photo Credit: Express.com

ယူနိုက်တက်ပရိသတ်တွေဟာ အင်တာနက် စာမျက်နှာတွေပေါ်ကနေ အက်ဝုဒ်ဝက် ထွက်ခွာသွားဖို့အတွက် အရှိန်အဟုန်မြှင့်​ကာ ကြိုးပမ်းနေကြပြီး #edwoodout ဆိုတဲ့ Hashtagဟာ အင်စတာဂရမ်ပေါ်မှာ အသုံးအများဆုံး Hashtag တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ပရိသတ်တွေ ဟာ လာမယ့်ပွဲစဉ်မှ စတင်ကာ အက်ဝုဒ်ဝက်ကို တရားဝင် ဆန့်ကျင် ဖို့ စတင်စီစဉ်နေကြပြီလို့လည်း မန်ချက်စတာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။