ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘုန်းမောက်အသင်းကတော့ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီသစ်အတွင်း အသင်းကို ပြုပြင်ပြောင်းလဲမှုတွေများစွာ လုပ်ဆောင်သွားဖို့ ရှိနေတဲ့အတွက် အသင်းရဲ့ အမာခံကြယ်ပွင့်ကစားသမား(၃)ဦးဖြစ်သော ကွင်းလယ်ကစားသမားလေး ဒေးဗစ်ဘရော့ခ် တိုက်စစ်မှူးဂျိုရှအာကင်း တိုက်စစ်ကစားသမား ကော်လန်ဝီလ်ဆန်တို့ကို အသင်းကနေ ရောင်းထုတ်ဖို့ ပြင်ဆင်နေတာဖြစ်လို့ ဒီသတင်းဟာ ဒီကစားသမားတွေကို အလိုရှိနေတဲ့ အသင်းကြီးတွေအတွက် မီးစိမ်းပြလိုက်သလို ဖြစ်သွားစေခဲ့ရပါတယ်။

Photo Credit : Sport Tidings

ဘုန်းမောက်အသင်းရဲ့ ပိုင်ရှင်ဖြစ်သူ မက်ဇန်ဒီမင်က အသင်းကို ပုံစံတစ်မျိုးနဲ့ ပြန်လည်တည်ဆောက်သွားဖို့အတွက် ဟန်ပြင်ထားတာကြောင့် အခုလို အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေကို ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက လူငယ်ကစားသမားလေးတွေ မွေးထုတ်နိုင်ခဲ့ပေမယ့်လည်း ဒီကစားသမားတွေကနေ အကျိုးအမြတ်မရှာနိုင်ခဲ့သလို ပြောင်းရွှေ့ကြေးများစွာသုံးပြီး ခေါ်ယူခဲ့တဲ့ ဆိုလန်ကီ ဂျော်ဒန်အိုက်စ်တို့မှာလည်း အသင်းအတွက် အသုံးမဝင်တဲ့ ကစားသမားတွေသာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Flipboard

လက်ရှိ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ပြသာနာတွေကြောင့် ဘောလုံးအသင်းတိုင်း ဘဏ္ဍာရေးပိုင်းမှာ ထိခိုက်လာခဲ့ရပြီး ဝင်ငွေတွေ ထိုးကျလာခဲ့လို့ ဘုန်းမောက်အသင်းအနေနဲ့လည်း လာမယ့်နွေစျေးကွက်မှာ အသင်းရဲ့ကြယ်ပွင့်တွေဖြစ်သော ဘရွတ်စ် ဝီလ်ဆန်နဲ့ ကင်းတို့(၃)ယောက်လုံးကို ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။ ဒီကစားသမားတွေကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်သော မန်ချက်စတာယူနိုက်တက် စပါး ချယ်လ်ဆီးအသင်းတို့ကနေ ခေါ်ယူဖို့အတွက် စိတ်ဝင်စားလျက်ရှိနေကာ နွေစျေးကွက်အတွင်းမှာပဲ အပြောင်းအရွှေ့တွေ ဖြစ်လာနိုင်ပါတယ်။ ဘုန်းမောက်အသင်းကတော့ ဒီကစားသမား(၃)ယောက်အပြင် အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရိုင်ယန်ဖရေဆာကိုပါ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရဦးမှာဖြစ်တယ်လို့ ဘုန်းမောက်အသင်းအတွက် အလွန်ခက်ခဲစေနိုင်ပါတယ်။