မန်ယူအသင်း နဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မြို့ခံပြိုင်ဘက်တွေ ဖြစ်နေကြ ပေမဲ့လည်း ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ အစာအစား ပြဿနာကို ဖြေရှင်းနိုင်ဖို့ ပူးတွဲ ပေါင် (၁) သိန်း၊ ကျပ် သိန်း (၁) ထောင်ခွဲကျော်၊ (၁၆၅,၆၈၅,၂၂၅) ကို လှူဒါန်းခဲ့ကြပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်း နဲ့ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ တစ်သင်းစီ ပေါင် (၅) သောင်းခွဲစီနဲ့ နှစ်သင်းပေါင်း ပေါင် (၁) သိန်းကို “Trussell Trust” အဖွဲ့အစည်းဆီ လှူဒါန်းသွားကြမှာ ဖြစ်ပြီး အစားအသောက်တွေကို ဝယ်ယူဖို့ အသုံးပြုသွားကြမှာ ဖြစ်ပါတယ်။

Photo Credit: Mirror

မန်ယူအသင်း နဲ့ မန်စီးတီးအသင်းတို့ရဲ့ လှူဒါန်းငွေကို အစားအစာ ဝယ်ယူဖို့ အသုံးပြုသွားမှာ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ်ကြောင့် အစားအစာ ခက်ခဲတဲ့ သူတွေကို ကူညီသွားကြမှာ ဖြစ်ပါတယ်။ မန်ယူအသင်း နဲ့ မန်စီးတီးအသင်းဟာ အိမ်ကွင်း ပွဲစဉ် ကစားရပြီ ဆိုရင် ကွင်းအပြင်မှာ ရန်ပုံငွေ ကောက်ခံလေ့ ရှိပြီး လိုအပ်သူတွေကို အသင်းကိုယ်စီ ပြန်လည် ကူညီပေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဘောလုံး ပွဲစဉ်တွေကို ရပ်နားသွားတာကြောင့် ရန်ပုံငွေ လိုအပ်လာခဲ့ပြီး မန်ယူအသင်း နဲ့ မန်စီးတီးအသင်းက လက်တွဲ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Mirror

နှစ်သင်းစလုံးက ပူးတွဲ စာစောင်ထုတ်ပြန်ခဲ့ကြပြီး ပူးတွဲ စာစောင်မှာ ရေးသားထားတာကတော့ “ကျွန်တော်တို့အနေနဲ့ ဒေသခံတွေကို ကူညီဖို့ လုပ်ဆောင်တဲ့ အခါမှာ အသင်း ပရိသတ်တွေရဲ့ ပါဝင်မှုကြောင့် အလွန် ဂုဏ်ယူမိပါတယ်။ ကိုရိုနာ ဗိုင်းရပ်ကြောင့် သူတို့ရဲ့ လုပ်ဆောင်မှုတွေ အခက်အခဲ ရှိတာကို သိရှိထားပါတယ်။ ကျွန်တော်တို့ လူဘောင်အဖွဲ့အစည်းက စိန်ခေါ်မှုတွေ ကြုံတွေ့ရတဲ့ အချိန်မှာ လိုအပ်တဲ့ သူတွေကို ကူညီနိုင်ဖို့ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့ အတူ ပူးပေါင်းလုပ်ရတာကြောင့် အလွန် ကျေနပ်ပါတယ်”လို့ ပူးတွဲ စာစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ မန်ယူအသင်း နဲ့ မန်စီးတီးအသင်းတို့ဟာ ကွင်းထဲမှာ အခါသီးဆုံး ပြိုင်ဘက်တွေ ဖြစ်နိုင်ပေမဲ့ မန်ချက်စတာမြို့က လိုအပ်တဲ့ သူတွေကို ကူညီနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။