ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းနှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ဂျာမန် ဘွန်ဒက်လီဂါကလပ်‌ ရှော်ကေးအသင်းရဲ့ အသက် ၂၀အရွယ်သာ ရှိသေးတဲ့ လူငယ် ခံစစ်မှူး အိုဇန် ခါဘက်ကို ခေါ်ယူဖို့ အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ တူရီကီ ခံစစ်မှူး အိုရန် ခါဘက်ဟာ တူရကီအသင်းနဲ့ ရှော်ကေးအသင်းတို့ရဲ့ အဓိက ခံစစ်မှူး တစ်ဦးဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။

Photo Credit: Express

ဒါပေမယ့် ရှော်ကေးအသင်းဟာ ခါဘက်အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၄၀သန်း အထိ သတ်မှတ် ခဲ့တာကြောင့် လီဗာပူးအသင်းဟာ ခါဘက်ကို ခေါ်ယူဖို့ အတွက် လက်လျှော့ခဲ့တာပါ။ လက်ရှိမှာတော့ ရှော်ကေးအသင်းဟာ ဘွန်ဒက်လီဂါ ပြိုင်ပွဲရဲ့ ရလဒ်အဆိုးရွားဆုံး အသင်းတစ်သင်း ဖြစ်နေသလို ဘဏ္ဏာရေး အပိုင်းမှာလည်း ကျပ်တည်းနေတာကြောင့် ခါဘက်ကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ရောင်းချ သွားဖို့ စီစဉ်နေကြောင်း နာမည်ကြီး ဂျာမန် သတင်းဌာနတွေက ဖော်ပြ ခဲ့ကြပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ရှော်ကေးအသင်းဟာ ခါဘက်ကို ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းခန့် ရရှိရုံနဲ့ ရောင်းချ သွားတော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Express

ခါဘက်လို တက်သစ်စ လူငယ်ကြယ်ပွင့် တစ်ဦးကို ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးဟာ အတော်လေးကို ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်တာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဗဟိုနောက်ခံလူ တစ်ဦးကို ခေါ်ယူအားဖြည့်ဖို့ စီစဉ်နေကြတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ ခါဘက်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းလာကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Metro သတင်းဌာန ကလည်း အဆိုပါ သတင်းတွေ အပေါ် အတည်ပြု ပေးထားသလို ခါဘက်ဟာ ရလဒ်တွေ ဆိုးဝါးနေတဲ့ ရှော်ကေးအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ် ထားသလို မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လီဗာပူးအသင်းတို့ နှစ်သင်းထဲက တစ်သင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း ဖော်ပြထားပါတယ်။