ပီအက္စ္ဂ်ီအသင္းကေတာ့ ၿပီးခဲ႔တဲ႔ Weekend တုန္းက ျပင္သစ္ဖလားၿပိဳင္ပြဲမွာ ဆဌမတန္းက လီနက္စ္အသင္းနဲ႔ အေဝးကြင္းမွာ ရင္ဆုိင္ကစားခဲ႔ရၿပီး ၆ဂုိး ဂုိးမရွိနဲဲ႔ ဂုိးျပတ္အႏုိင္ရခဲ႔ၿပီး ေနာက္တစ္ဆင့္ကုိ သက္ေတာင့္သက္သာနဲ႔ပဲ တတ္လွမ္းသြားခဲ႔ရပါတယ္။ ဒီပြဲမွာ အသင္းရဲ႕ဝါရင့္တုိက္စစ္ကစားသမားႀကီး အက္ဒီဆင္ကာဗာနီက ပီအက္စ္ဂ်ီအတြက္ သြင္းဂုိး၂ဂုိးကုိ သြင္းယူႏုိင္ခဲ႔ၿပီး ဒီဂုိးေတြဟာ သူရဲ႕ပီအက္စ္ဂ်ီအသင္းအတြက္ ႏႈတ္ဆက္သြင္းဂုိးေတြ ျဖစ္လာႏုိင္သလုိ ဒီပြဲကလည္း သူရဲ႕ပီအက္စ္ဂ်ီအသင္းသားဘဝ ေနာက္ဆုံးပြဲလည္း ျဖစ္လာႏုိင္ပါတယ္။

Photo Credit : The Sun

အသက္၃၂ႏွစ္အရႊယ္ ဥရုေဂြးလက္ေရြးစင္ တုိက္စစ္ကစားသမား ကာဗာနီဟာ ဒီႏွစ္ေဘာလုံးရာသီအကုန္မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္လုိ႔ ဒီအခ်ိန္မွာ သူစိတ္ႀကိဳက္ ျပည္ပအသင္းေတြနဲ႔ အေျပာင္းအေရႊ႕ကိစၥကုိ ေဆြးေႏြးညိွႏႈိင္းမွာျဖစ္ၿပီး သိပ္မၾကာေသးခင္တုန္းကလည္း အသက္လက္တီကုိမက္ဒရစ္အသင္းနဲ႔ ပူးေပါင္းေတာ့မယ္လုိ႔ သတင္းေတြ ထြက္ေပၚခဲ႔ဖူးသူျဖစ္ပါတယ္။ ပီအက္စ္ဂ်ီနဲ႔ ၂၀၁၃ခုႏွစ္ကေန စတင္ပူးေပါင္းခဲ့ၿပီး အသင္းရဲ႕သြင္းဂုိးအမ်ားဆုံးသူအျဖစ္ သတ္မွတ္ခံထားရတဲ႔ ကာဗာနီကုိ ဥေရာပအသင္းေပါင္းမ်ားစြာကေန ေခၚယူဖုိ႔စိတ္ဝင္စားလ်က္ရွိေနကာ အဲ႔ဒီထဲမွာ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ခ်ယ္လ္ဆီးအသင္းတုိ႔က ထိပ္ဆုံးမွာပါဝင္ေနတယ္လုိ႔ သိရပါတယ္။

Photo Credit : The Sun

ယူႏုိက္တက္ေရာ ခ်ယ္လ္ဆီးအသင္းတုိ႔ပါ ဒီႏွစ္ေဘာလုံးရာသီမွာ တုိက္စစ္ပုိင္းအားနည္းမႈေတြနဲ႔ အသီးသီးရင္ဆုိင္ေနရတာေၾကာင့္ ကာဗာနီလုိ ဝါရင့္တုိက္စစ္မွဴးတစ္ေယာက္ကုိ ေခၚယူခ်င္ေနတာျဖစ္ၿပီး ယူႏုိက္တက္ရဲ႕ေနာက္ခံကစားသမားေဟာင္းႀကီး ရီယုိဖာဒီနန္ကလည္း ကာဗာနီလုိ ကစားသမားမ်ိဳးကုိ ဒီလုိအေျခအေနမ်ိဳးမွာ အရေခၚယူထားသင့္တယ္လုိ႔ တုိက္တြန္းေျပာဆုိထားခဲ႔ပါတယ္။ ဒါေပမယ့္ ပီအက္စ္ဂ်ီအသင္းကေတာ့ ကာဗာနီကုိ အခုေဆာင္းေစ်းကြက္မွာ ေရာင္းခ်ဖုိ႔ ဆႏၵမရွိပဲ အစားထုိးမႈကုိသာ အရင္လုပ္ေဆာင္ၿပီးမွသာ အသင္းကေန ထြက္ခြာခြင့္ျပဳမယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ အခုေစ်းကြက္မွာသာ ကာဗာနီကုိ အသင္းကေန ထြက္ခြာခြင့္ျပဳမယ္ဆုိရင္ေတာ့ ေျပာင္းေရႊ႕ေၾကးကို ေပါင္သန္း၂၀ဝန္းက်င္ေလာက္ ရရွိႏုိင္မွာျဖစ္ၿပီ္း မဟုတ္ရင္ ေႏြေစ်းကြက္မွာ ေျပာင္းေရႊ႕ေၾကးမဲ႔နဲ႔ လက္လြတ္ရမွာျဖစ္တာေၾကာင့္ ေစ်းကြက္မပိတ္ခင္ ဘယ္အသင္းဆီ ေရာင္းခ်သြားမလဲဆုိတာ ဆက္လက္ေစာင့္ၾကည့္ရပါလိမ့္မယ္။

(Unicode)

ကာဗာနီကို ဒီလအတွင်းမှာ အပြိုင်ကမ်းလှမ်းကြမယ့် ယူနိုက်တက်နဲ့ချယ်လ်ဆီး

ပီအက်စ်ဂျီအသင်းကတော့ ပြီးခဲ့တဲ့ Weekend တုန်းက ပြင်သစ်ဖလားပြိုင်ပွဲမှာ ဆဌမတန်းက လီနက်စ်အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ရပြီး ၆ဂိုး ဂိုးမရှိနဲဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို သက်တောင့်သက်သာနဲ့ပဲ တတ်လှမ်းသွားခဲ့ရပါတယ်။ ဒီပွဲမှာ အသင်းရဲ့ဝါရင့်တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီက ပီအက်စ်ဂျီအတွက် သွင်းဂိုး၂ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးတွေဟာ သူရဲ့ပီအက်စ်ဂျီအသင်းအတွက် နှုတ်ဆက်သွင်းဂိုးတွေ ဖြစ်လာနိုင်သလို ဒီပွဲကလည်း သူရဲ့ပီအက်စ်ဂျီအသင်းသားဘဝ နောက်ဆုံးပွဲလည်း ဖြစ်လာနိုင်ပါတယ်။

Photo Credit : The Sun

အသက်၃၂နှစ်အရွှယ် ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား ကာဗာနီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ဒီအချိန်မှာ သူစိတ်ကြိုက် ပြည်ပအသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးညှိနှိုင်းမှာဖြစ်ပြီး သိပ်မကြာသေးခင်တုန်းကလည်း အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ပူးပေါင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသူဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ ၂၀၁၃ခုနှစ်ကနေ စတင်ပူးပေါင်းခဲ့ပြီး အသင်းရဲ့သွင်းဂိုးအများဆုံးသူအဖြစ် သတ်မှတ်ခံထားရတဲ့ ကာဗာနီကို ဥရောပအသင်းပေါင်းများစွာကနေ ခေါ်ယူဖို့စိတ်ဝင်စားလျက်ရှိနေကာ အဲ့ဒီထဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့က ထိပ်ဆုံးမှာပါဝင်နေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

ယူနိုက်တက်ရော ချယ်လ်ဆီးအသင်းတို့ပါ ဒီနှစ်ဘောလုံးရာသီမှာ တိုက်စစ်ပိုင်းအားနည်းမှုတွေနဲ့ အသီးသီးရင်ဆိုင်နေရတာကြောင့် ကာဗာနီလို ဝါရင့်တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူချင်နေတာဖြစ်ပြီး ယူနိုက်တက်ရဲ့နောက်ခံကစားသမားဟောင်းကြီး ရီယိုဖာဒီနန်ကလည်း ကာဗာနီလို ကစားသမားမျိုးကို ဒီလိုအခြေအနေမျိုးမှာ အရခေါ်ယူထားသင့်တယ်လို့ တိုက်တွန်းပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းကတော့ ကာဗာနီကို အခုဆောင်းစျေးကွက်မှာ ရောင်းချဖို့ ဆန္ဒမရှိပဲ အစားထိုးမှုကိုသာ အရင်လုပ်ဆောင်ပြီးမှသာ အသင်းကနေ ထွက်ခွာခွင့်ပြုမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုစျေးကွက်မှာသာ ကာဗာနီကို အသင်းကနေ ထွက်ခွာခွင့်ပြုမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း၂၀ဝန်းကျင်လောက် ရရှိနိုင်မှာဖြစ်ပြီ်း မဟုတ်ရင် နွေစျေးကွက်မှာ ပြောင်းရွှေ့ကြေးမဲ့နဲ့ လက်လွတ်ရမှာဖြစ်တာကြောင့် စျေးကွက်မပိတ်ခင် ဘယ်အသင်းဆီ ရောင်းချသွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါလိမ့်မယ်။