ဥရောပထိပ်တန်း ကလပ်အသင်းတွေများစွာရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ လီဂူးဝမ်းကလပ် ရန်းစ်အသင်းရဲ့ ပြင်သစ်လူငယ်ကြယ်ပွင့်လေးကို မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့လို ပရီးမီးယားလိဂ်ကလပ်အသင်းတွေကနေ ကမ်းလှမ်းမှုတွေ အပြိုင်လုပ်ဆောင်ထားပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဘက်က ကာမာဗင်ဂါအတွက် ကမ်းလှမ်းထားခြင်းကတော့ အကောင်းဆုံး ကမ်းလှမ်းမှုတစ်ခု ဖြစ်နေတာကြောင့် ကစားသမားလေးအနေနဲ့ ဘိုင်ယန်ကို ရွေးချယ်သွားဖွယ်တောင် ရှိနေပါတယ်။

Photo Credit : AS English

အသက်(၁၈)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွှယ် ပြင်သစ်ကြယ်ပွင့်ကစားသမားလေး အက်ဒွါဒိုကာမာဗင်ဂါဟာ ရန်းစ်အသင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသနေတာကြောင့် သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းတွေကနေ အပြိုင်ကို စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ကာမာဗင်ဂါကို ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ မန်ချက်စတာယူနိုက်တက် အာဆင်နယ်အသင်းတွေကနေ စိတ်ဝင်စားနေကြတာဖြစ်ပြီး လတ်တလောမှာတော့ ဘိုင်ယန်မြူးနစ်အသင်းပါ စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းမှုတစ်ခုပါ ပြုလုပ်လာခဲ့ပါတယ်။

Photo Credit : BeSoccer

ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက အသင်းရဲ့ အဓိကကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကို လီဗာပူးလ်အသင်းဆီ ရောင်းထုတ်လိုက်ရတဲ့ ဘိုင်ယန်အသင်းဟာ ကွင်းလယ်ပိုင်းမှာ ပြန်လည်အားဖြည့်ဖို့အတွက် ကာမာဗင်ဂါလို အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တစ်ဦးကို ခေါ်ယူသွားချင်နေတာဖြစ်ပါတယ်။ တကယ်လို့ ကာမာဗင်ဂါဘက်ကနေသာ ဘိုင်ယန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်လည်း ဘိုင်ယန်ဘက်ကနေ ကာမာဗင်ဂါကို ပွဲထွက်ကစားခွင့် အလုံအလောက်ရအောင် စီစဉ်ပေးသွားမယ်ဆိုပြီး ကမ်းလှမ်းထားခဲ့တာဖြစ်ပါတယ်။ ဆယ်ကျော်သက် ကစားသမားတစ်ယောက်အနေနဲ့ ထိပ်တန်းကလပ်အသင်းကြီးတစ်သင်းမှာ ပွဲထွက်ကစားခွင့် ခပ်များများရဖို့က မလွယ်ကူပေမယ့် ဘိုင်ယန်ကတော့ ကာမာဗင်ဂါကို အသင်းမှာ ပုံမှန်နေရာပေးသွားမယ်လို့ အာမခံပြီး ကမ်းလှမ်းထားတာဖြစ်လို့ အသင်းမှာကလည်း ပြင်သစ်ကစားသမားတွေဖြစ်တဲ့ ပါဗတ် လူးကပ်စ်ဟာနန်ဒက်ဇ်နဲ့ ကင်စလေကိုးမန်းတို့အပြင် အူပါမယ်ကာနိုပါ ရှိနေတာဖြစ်လို့ တခြားအသင်းတွေထက် ဘိုင်ယန်ကိုပဲ ဦးစားပေး ရွေးချယ်ဖွယ် ရှိနေပါတယ်။