အာဆင်နယ်အသင်း နဲ့ မန်ယူအသင်းတို့ဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ နောက်ခံ ကစားသမားတွေကို ခေါ်ယူချင်တာကြောင့် ဘာစီလိုနာအသင်းကနေ ထွက်သွားဖွယ် ရှိနေတဲ့ နောက်ခံလူ အမ်တီတီကို အပြိုင် ကမ်းလှမ်းဖွယ် ရှိတယ်လို့ Mirror က ဖော်ပြပါတယ်။ နောက်ခံလူ အမ်တီတီကတော့ (၂၀၁၅) ခုနှစ်မှာ လိုင်ယွန်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းလာခဲ့ပြီး ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေခဲ့ရတဲ့ အတွက်ကြောင့် ပွဲထွက်ခွင့် နည်းပါးလာခဲ့ပြီး ဘာစီလိုနာအသင်းကနေ ထွက်သွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းဟာ နည်းပြ အာတီတာကို ခန့်အပ်ပြီးတဲ့ အချိန်မှာ နောက်ခံ ကစားသမား ခေါ်ယူဖို့ ကြိုးစားလာခဲ့ကြပြီး စိန့်အက်တီယန်အသင်းကို အငှားနဲ့ ချခဲ့တဲ့ နောက်ခံလူ ဝီလီယံ ဆာလာဘာကို လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ပြန်ခေါ်ယူနိုင်ချေ ရှိပါတယ်။ အလားတူ မန်ယူအသင်းဟာလည်း နောက်ခံ ကစားသမား ခေါ်ယူဖို့ ကြိုးစားနေကြဆဲ ဖြစ်ပြီး နာပိုလီ နောက်ခံလူ ကူဘီဘာလီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့လည်း မဖြစ်မြောက်ခဲ့တာကြောင့် လက်ရှိမှာ ဘာစီလိုနာ နောက်ခံလူ အမ်တီတီကို ခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိလာပါတယ်။

Photo Credit: Goal

ဘာစီလိုနာ နောက်ခံလူ အမ်တီတီဟာ ဒဏ်ရာပြဿနာကြောင့် ပွဲထွက်ခွင့် နည်းပါးနေခဲ့ရပြီး လက်ရှိမှာလည်း အသင်းဖော် လန်ဂလက်ရဲ့ နောက်မှာ ဒုတိယ နောက်ခံ ကစားသမားအဖြစ် ပွဲထွက် ကစားနေရတာကြောင့် ဘာစီလိုနာအသင်းက ထွက်သွားချင်လာတာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ နည်းပြ ဆိုးလ်ရှားရဲ့ လက်ထက်မှာ မက်ဂွိုင်းယား၊ ဝမ်ဘီဆာကာ၊ ဂျိမ်း၊ ဖာနန်ဒက်စ် နဲ့ အီဟာလိုတို့ကို ခေါ်ယူခဲ့ပြီး နည်းပြ ဆိုးလ်ရှားရဲ့ လက်ထက်မှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေ အားလုံးက မန်ယူအသင်းအတွက် အခရာ ကစားသမား ဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ နည်းပြ ဆိုးလ်ရှားရဲ့ အပြောင်းအရွေ့ အမြော်အမြင်ကို သဘောကျနေပြီး လာမယ့် နွေရာသီ အပြောင်းအရွေ့မှာ အာဆင်နယ်နဲ့ အပြိုင် အမ်တီတီကို ကမ်းလှမ်းနိုင်ပါတယ်။