မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆယ်ကျော်သက်အရွယ် လူငယ် ကြယ်ပွင့်ကစားသမားလေး အလက်ဟန်ဒရိုဂနာချိုက မေလမှာ ကျင်းပတော့မယ့် ယူ၂၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်သွားဖို့ ရှိနေတဲ့အတွက် ယူနိုက်တက်အသင်းအနေနဲ့ ဂနာချိုကို ရာသီကုန်ခါနီး ပွဲစဉ်တွေအတွင်း လက်လွတ်ရဖွယ် ရှိနေရပါတယ်။
Photo Credit : Marca
ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းအတွင်း International Break ကာလ ဝင်ရောက်လာချိန်မှာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မန်ယူနိုက်တက် လူငယ် ကစားသမားလေး ဂနာချိုဟာ သူရဲ့ ဒဏ်ရာပြသာနာကြောင့် senior debut နဲ့ လွဲချော်ခဲ့ရပေမယ့် လာမယ့် မေလ(၂၀)ရက်နေ့မှာ ကျင်းပတော့မယ့် ယူ၂၀ကမ္ဘာ့ဖလားပြိုင်ပွဲထဲ အာဂျင်တီးနား ယူ၂၀အသင်းနဲ့ ပါဝင် ဆင်နွဲသွားဖို့ ရှိနေပါတယ်။ တကယ်လို့သာ ဂနာချိုအနေနဲ့ ဒီပြိုင်ပွဲကိုသာ ပါဝင်ဖြစ်မယ်ဆိုရင် ယူနိုက်တက်အသင်းက ဂနာချိုကို ရာသီကုန်ခါနီး ပွဲစဉ်တွေအတွင်း လက်လွတ်ရတော့မှာ ဖြစ်ပါတယ်။
Photo Credit : Keepup
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပဖို့ ပြုလုပ်ထားပြီးမှ ဒီရက်ပိုင်းအတွင်းမှာပဲ host အပြောင်းအလဲ ဖြစ်ခဲ့ရတဲ့ ယူ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ မေလ(၂၀)ရက်နေ့ကနေ ဇွန်လ(၁၁)ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်က မေ(၂၀) (၂၈)ရက်နေ့တွေထိ ကစားဖို့ ရှိနေသလို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ဒုကျော့က မေလ(၁၈)ရက်နဲ့ ဖိုင်နယ်က (၃၀)ရက်နေ့တွင် ကျင်းပဖို့ ရှိနေတာကြောင့် တကယ်လို့ ယူနိုက်တက်အသင်းအနေနဲ့ ကွာတားမှာ ဆီဗီလာကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် နောက်ပိုင်းပွဲတွေအတွင်း ဂနာချိုကို လက်လွတ်သွားရနိုင်ပါတယ်။
Photo Credit : The Mirror
အာဂျင်တီးနား ယူ၂၀အသင်းက ဂနာချို အပါအဝင် ဂျုဗင်တပ်စ်အသင်းရဲ့ တောင်ပံကစားသမား မာသီးယပ်စ်ဆော့လေ လာဇီယို ကွင်းလယ်ကစားသမား လူကာရိုမဲရိုးနဲ့ အင်တာမီလန် ကွင်းလယ် တိုက်စစ်ကစားသမား ကာဘိုနီတို့ကို ရွေးချယ်ဖွယ် ရှိနေပြီး လက်ရှိ အာဂျင်တီးနား ယူ၂၀အသင်းကို အာဂျင်တီးနား ကစားသမားဟောင်းကြီး ဂျာဗီယာမာရှေယာနိုက ကိုင်တွယ်လျက် ရှိပါတယ်။