ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မှာ ခရစ္စတယ်ပဲလေ့စ် အသင်းကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ အပြီးမှာတော့ အသင်းကို လူအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ အရှိန်မြှင့်ကာ ကြိုးစား လာခဲ့ပါတယ်။ မန်ယူ အသင်းဟာ ယခုနှစ် နွေစျေးကွက် အတွင်းမှာ အေဂျက် ကွင်းလယ်လူ ဗန်ဒီဘိခ် တစ်ဦးထဲကိုသာ ခေါ်ယူ ထားနိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး ၆သင်းထဲမှာ အနည်းဆုံး ကစားသမား ခေါ်ယူမှု ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းဟာ ပေါ်တိုအသင်းရဲ့ ဘယ် နောက်ခံလူ အဲလက်စ် တဲလက်စ်ကို ခေါ်ယူဖို့ အရမ်းကို နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
Photo Credit: Metro
အသက် ၂၇နှစ် အရွယ် ဘရာဇီးလ် နောက်ခံလူ တဲလက်စ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပေါ်တိုအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် ကုန်ဆုံး တော့မှာ ဖြစ်ပြီး ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ် ရစေဖို့ ပေါ်တိုအသင်းဟာ ယခု နွေစျေးကွက် အတွင်းမှာပဲ တဲလက်စ်ကို ရောင်းချ ချင်နေပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Guardian သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ယူ အသင်းဟာ တဲလက်စ် ကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကာ တဲလက်စ် ဟာ မန်ယူအသင်းမှာ တစ်ပတ် လုပ်ခ ပေါင် ၇၅၀၀၀ ရရှိမှာ ဖြစ်ပြီး မန်ယူအသင်းက သူ့ကို ၄နှစ် စာချုပ် ချုပ်ဆိုမှာ ဖြစ်တယ် လို့ သိရပါတယ်။
Photo Credit: Metro
အပြောင်းအရွှေ့နဲ့ ပတ်သတ်ရင် နာမည်ကြီးတဲ့ သတင်းထော​က် Fabrizio Romano ကလည်း မန်ယူအသင်းနဲ့ တဲလက်စ်ရဲ့ ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ် နေကြောင်း အတည်ပြု ပေးထားပြီး မန်ယူအသင်း ဟာ တဲလက်စ် အတွက် ပေးချေ ရမယ့် ပြောင်းရွှေ့ကြေး ကို ပေါ်တိုအသင်းနဲ့ ညှိနှိုင်း နေတယ်လို့လည်း ဆိုထားပါတယ်။ ထွက်ပေါ် လာတဲ့ သတင်းတွေ အရတော့ မန်ယူ အသင်းဟာ တဲလက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၈ သန်း ပေးချေမယ် လို့ ပေါ်တိုအသင်းထံ ကမ်းလှမ်း ထားပြီး ပေါ်တိုအသင်း ကတော့ တဲလက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀ သန်း လိုချင် နေတာကြောင့် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရှိ ရပါတယ်။ တဲလက်စ်နဲ့ နီးစပ်သူတွေရဲ့ အဆိုအရ တော့ တဲလက်စ်ရဲ့ အပြောင်းအရွှေ့ဟာ ယခု တစ်ပတ် အတွင်းမှာပဲ ဖြစ်ပေါ်လာဖွယ် ရှိကြောင်း သိထား ရပါတယ်။
https://youtu.be/qrHFqTYh8dg