ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်း ကတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ကနေ တန်းဆင်း သွားခဲ့တဲ့ ဝက်ဖို့ဒ် အသင်းရဲ့ တောင်ပံ ကစားသမား ဆားလ်ကို တစ်ရာသီ အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။ မန်ယူအသင်း ဟာ ယခု နွေစျေးကွက် အတွင်းမှာ ညာတောင်ပံ ကစားသမား တစ်ဦးကို ခေါ်ယူဖို့ ကြိုးစား နေတဲ့ အသင်း ဖြစ်ပြီး ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစား ခဲ့ပေမယ့် ဆန်ချိုအတွက် ဒေါ့မွန်အသင်းက တောင်းဆို ထားတဲ့ ပြောင်းရွှေ့ကြေးဟာ အတော်ကို များပြား နေတာကြောင့် လက်ရှိ နွေစျေးကွက် အတွင်းမှာ ဆန်ချိုကို ခေါ်ယူတော့မှာ မဟုတ်ပါဘူး။

Photo Credit: Express

လက်ရှိမှာတော့ မန်ယူအသင်းဟာ ဝက်ဖို့ဒ် အသင်းရဲ့ တောင်ပံ ကစားသမား ဆားလ်ကို တစ်ရာသီအငှား + ရာသီကုန်မှာ ပေါင် ၄၀ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ဆိုတဲ့ သဘောတူညီချက်နဲ့ ခေါ်ယူဖို့ ဝက်ဖို့ဒ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြ သွားပါတယ်။ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူလို့ မရပါက အစားထိုး ခေါ်ယူမှု အ​ဖြစ် ဝက်ဖို့ဒ် တောင်ပံ ကစားသမား ဆားလ်နဲ့ ဘာစီလိုနာ တောင်ပံ ကစားသမား ဒမ်ဘီလီတို့ကို ခေါ်ယူဖို့ လျာထားခဲ့ပြီး ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးစား ခဲ့သေးပေမယ့် ဒမ်ဘီလီဟာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာလိုစိတ် မရှိတာကြောင့် နောက်ဆုံးမှာ ဆားလ်ကို ခေါ်ယူ ခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit: Express

အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ဆီနီဂေါ လက်ရွေးစင် ကစားသမား ဆားလ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ဝက်ဖို့ဒ် အသင်းနဲ့အတူ တောက်ပတဲ့ ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ လီဗာပူး အသင်းဟာ သူ့ကို ခေါ်ယူဖို့ စောင့်ကြည့် ခဲ့ဖူးပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Desek ကလည်း မန်ယူအသင်းနဲ့ ဆားလ်တို့ရဲ့ အပြောင်းအရွှေ့ကို အတည်ပြု သွားခဲ့ပြီး မန်ယူအသင်းဟာ ယခုနှစ် နွေရာသီမှာ ဆန်ချိုကို ခေါ်ယူတော့မှာ မဟုတ်သလို ဆားလ်ကိုလည်း ယခုတစ်ပတ် အတွင်းမှာပဲ ဆေးစစ်မှုတွေ ပြုလုပ် သွားမယ်လို့ ဆိုသွားပါတယ်။ ဆီနီဂေါ လက်ရွေးစင် တစ်ဦး ဖြစ်တဲ့ ဆားလ် ဟာ မန်ယူအသင်းမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်မယ် လို့ ထင်မြင်ရင်းနဲ့ပဲ…။