ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ အေဂျက် ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ အေဂျက်နဲ့ ပဏာမအားဖြင့် သဘောတူညီမှု တခု ရယူနိုင်ခဲ့ကြောင်း နာမည်ကြီး သတင်းထောက်တွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ခံစစ်ပိုင်းနဲ့ ကွင်းလယ်ခံစစ်ကို ဖာထေးနိုင်ဖို့ အတွက် ဗဟိုခံစစ် ၊ ဘယ်နောက်ခံနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ခံစစ်မှူး မာတီနက်ဇ်က အရပ်အမြင့် ၅ပေ ၇လက်မသာ ရှိတဲ့ မာတီနက်ဇ်ဟာ သာမန် ဗဟိုခံစစ်မှူး တဦးရဲ့ အရပ်အမောင်းမျိုး မရှိပေမယ့် သူ့ရဲ့ ဘောလုံးအမြင်နဲ့ ပေးပို့မှုတွေကြောင့် အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာတဲ့ အဲရစ် တန်ဟက်ဂ်ရဲ့ စိတ်ကြိုက် ခံစစ်မှူး တဦးပဲ ဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က အဲရစ် တန်ဟက်ဂ်ရဲ့ တောင်းဆိုချက်အရ မာတီနက်ဇ်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးပမ်းနေပြီး အေဂျက်ဘက်က ကနဦးမှာ မာတီနက်ဇ်ကို မရောင်းချချင်ခဲ့ပေမယ့် မာတီနက်ဇ်က သူ့ရဲ့ အိမ်မက်တခု ဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ သွားရောက် ကစားချင်တဲ့ အိမ်မက်ကို မပိတ်ပင်ဖို့ အေဂျက်ထံ အဆက်မပြတ် တောင်းဆိုခဲ့တာကြောင့် နောက်ဆုံးမှာတော့ အေဂျက်က မာတီနက်ဇ်ကို ရောင်းချဖို့ ခေါင်းညိတ်လိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

90 Min သတင်းဌာနရဲ့ သတင်းထောက်ချုပ် တိုဘီ ကတ်ဝေါ့တ် ၊ ဆောင်းပါးရှင်တွေ ဖြစ်ကြတဲ့ ဂျရေမီ ဘိုင်လေ ၊ စကော့ ဆောင်းဒါးတို့ရဲ့ ဖော်ပြချက်တွေအရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ယနေ့မှာပဲ အေဂျက်အသင်း အခြေစိုက်ရာ အမ်စတာဒမ်မြို့ကို ရောက်လာပြီး မာတီနက်ဇ်ရဲ့ အပြောင်းအရွှေ့ အတွက် အေဂျက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာ နှစ်သင်းကြားမှာ အပြောင်းအရွှေ့ ပြုလုပ်ဖို့ ပဏာမ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရလည်း မန်ချက်စတာ ယူနိုက်တက်က မာတီနက်ဇ်ကို ခေါ်ယူဖို့ ယနေ့မှာပဲ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့တာကြောင့် မကြာခင်မှာပဲ မန်ချက်စတာ ယူနိုက်တက်က မာတီနက်ဇ်ကို ခေါ်ယူဖို့ တရားဝင် သဘောတူညီမှု ရရှိသွားဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က မာတီနက်ဇ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၅သန်း ဝန်းကျင် ပေးချေရဖွယ် ရှိပါတယ်။