ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ နွေအပြောင်းအရွှေ့ ပစ်မှတ် ဖြစ်တဲ့ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း + အပိုဆုကြေး ပေါင်၅၀သန်း စုစုပေါင်း ပေါင် ၁၁၀သန်း ပမာဏ ရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရခဲ့ပြီလို့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Independent က ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Metro

မန်ယူအသင်းဟာ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ် လာခဲ့တဲ့ တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလတွေကတည်းက ကြိုးစားနေတဲ့ အသင်း ဖြစ်သလို ဆန်ချိုကို ခေါ်ယူဖို့လည်း ပြီးခဲ့တဲ့ ဇွန်လမှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူ ထားနိုင်ခဲ့ပါတယ်။

Photo Credit: Metro

ဒါပေမယ့် မန်ယူအသင်းဟာ ဒေါ့မွန်အသင်းနဲ့ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းရာမှာတော့ အနည်းငယ် အခက်တွေ့ ခဲ့ရပြီး အသင်းအနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ ကျိန်းသေသွားတဲ့ အချိန်မှသာ ဆန်ချိုအတွက် ဒေါ့မွန်အသင်းက တောင်းဆိုတဲ့ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ရရမယ်ဆိုတဲ့ တောင်းဆိုချက်ကို သဘောတူဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

Independent သတင်းဌာနရဲ့ အဆိုအရ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့အတွက် ဒေါ့မွန်အသင်းအား ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၀ သန်းကို တစ်ခါထဲ ပေးချေရမှာ ဖြစ်ပြီး အပိုဆုကြေး ပေါင် ၅၀ သန်းမှာတော့ အရစ်ကျ ငွေပေးချေမှုအပြင် အသင်းရဲ့ ဆုဖလား အောင်မြင်မှု ၊ ဆန်ချိုရဲ့ ခြေစွမ်းပြမှုနဲ့ ဆန်ချိုရဲ့ တစ်ဦးချင်း အောင်မြင်မှုတွေ အတွက် ငွေပေးချေရမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။

Photo Credit: Metro

ဒေါ့မွန်အသင်းဘက် ကတော့ သူတို့အသင်းရဲ့ ရာသီသစ်အတွက် ကြိုတင် ပြင်ဆင်ချိန် ဖြစ်တဲ့ ဩဂုတ်လ ၁၀ရက်နေ့ မတိုင်မီ ဒီအပြောင်းအရွှေ့ကို အပြီးသတ် လိုနေပြီး မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကလည်း ပြိုင်ဘက် ချယ်လ်ဆီးအသင်းအနေနဲ့ လေဗာကူဆင် အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဟားဗက်ကို မခေါ်ယူနိုင်သေးချိန်မှာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အလိုရှိနေတာကြောင့် ဆန်ချိုရဲ့ အပြီးသတ် ပြောင်းရွှေ့မှုကို ယခုတစ်ပတ်ထဲမှာပဲ မြင်တွေ့ရဖို့ အလားအလာတွေ ရှိနေပါတယ်။

Photo Credit: Metro

အသက်၂၀အရွယ်သာ ရှိသေးတဲ့ ဆန်ချိုဟာ မန်ယူအသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်သလို လက်ရှိ ဘောလုံးရာသီမှာလည်း ဘွန်ဒက်လီဂါပွဲစဉ် ၃၂ပွဲ ပါဝင် ကစားထားရာမှာ ၁၇ဂိုး သွင်းယူကာ ၁၇ဂိုး ဖန်တီးပေးထားနိုင်သူ ဖြစ်ပြီး လာမယ့် ဘောလုံးရာသီမှာ မွေးရပ်မြေဖြစ်တဲ့ အင်္ဂလန်ကို ပြန်လည် ပြောင်းရွှေ့ကာ ကစားသွားဖို့ ဆန္ဒပြင်းပျနေသူပါ။