ယခုေနာက္ပိုင္းမွာ မတည္ၿငိမ္တဲ့ေျခစြမ္းေတြေၾကာင့္ ေတာက္ေလၽွာက္ဆိုသလို ေဝဖန္မွုေတြနဲ႔ ၾကဳံေတြ႕ေနရတဲ့ ယူနိုက္တက္အသင္းဟာ ယမန္ေန႔ညမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္ဖ္ေအ ဖလားၿပိဳင္ပြဲမွာ လိဂ္ဝမ္းကလပ္ ထရန္မီရာ အသင္းကို အေဝးကြင္းမွာ ေျခာက္ဂိုး ဂိုးမရွိဆိုတဲ့ ရလဒ္နဲ႔ အနိုင္ရရွိခဲ့ၿပီး ဖိအားေတြကို အေတာ္ေလး ေလ်ာ့ခ်နိုင္ခဲ့ပါတယ္။

Photo Credit: Mirror.com

ပြဲမစခင္မွာ ထရန္မီရာအသင္းရဲ့ အိမ္ကြင္း ပရန္တန္ပတ္ခ္ရဲ့ ဆိုးရြားတဲ့ ကြင္းမ်က္ႏွာျပင္ အေနအထားေၾကာင့္ ယူနိုက္တက္တို႔အေနနဲ႔ အသာစီးရယူဖို႔ ခက္ခဲမယ္လို႔ ေဘာလုံး သုံးသပ္သူေတြက ခန႔္မွန္းခဲ့ၾကေပမယ့္ ပြဲစခ်ိန္မွာေတာ့ ယူနိုက္တက္အသင္းဟာ ထရန္မီရာကို အေတာ္ေလး ဖိအားေပးကစားနိုင္ခဲ့သလို ပထမပိုင္း ပြဲကစားခ်ိန္အတြင္းမွာပဲ မက္ဂြိဳင္းယား ၊ လင္ဂတ္ ၊ ဖီးလ္ဂ်ဳံးစ္ ၊ ဒါးေလာ့ ၊ မာရွယ္တို႔ရဲ့ သြင္းဂိုးေတြနဲ႔အတူ ငါးဂိုး ဂိုးမရွိဆိုတဲ့ ရလဒ္နဲ႔ အနိုင္ရရွိေနခဲ့ပါတယ္။

Photo Credit: Mirror.com

ဒုတိယပိုင္းမွာေတာ့ ယူနိုက္တက္အသင္းဟာ ပြဲကို ထိန္းကစားသြားခဲ့ၿပီး ဂရင္းဝုဒ္က ရရွိလာတဲ့ ပင္နယ္တီကေန ေျခာက္ဂိုးေျမာက္ သြင္းဂိုးကို သြင္းယူေပးနိုင္ခဲ့ပါတယ္။ ယခုပြဲစဥ္ လို ပထမပိုင္းပြဲကစားခ်ိန္မွာကတည္းက ငါးဂိုးျပတ္နဲ႔ အနိုင္ရရွိခဲ့မွုဟာ ယူနိုက္တက္တို႔နဲ႔ ၁၉ႏွစ္တာကာလအထိ ကြာေဝးေနတဲ့ မွတ္တမ္း တစ္ခုလည္း ျဖစ္ပါတယ္။

Photo Credit: Mirror.com

ယူနိုက္တက္အသင္းဟာ ၂၀၀၁ခုႏွစ္ ၊ ေဖေဖာ္ဝါရီလမွာ အာဆင္နယ္အသင္းကို ၆ဂိုး ၁ဂိုးဆိုတဲ့ ရလဒ္နဲ႔ ဂိုးျပတ္အနိုင္ရရွိခဲ့တဲ့ပြဲစဥ္ ၿပီးေနာက္ ပထမဦးဆုံးႀကိမ္ ထရန္မီရာနဲ႔ပြဲမွာ ပထမပိုင္းမွာထဲက ၅ဂိုးျပတ္နဲ႔ အနိုင္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္ဆိုသလိုပဲ လက္ရွိ ယူနိုက္တက္နည္းၿပ ဆိုးလ္ရွား ဟာ အာဆင္နယ္အသင္းကို ၆ဂိုး ၁ဂိုးနဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အသင္းအတြက္ သြင္းဂိုးတစ္ဂိုး သြင္းယူေပးနိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။

ယခုနောက်ပိုင်းမှာ မတည်ငြိမ်တဲ့ခြေစွမ်းတွေကြောင့် တောက်လျှောက်ဆိုသလို ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ယူနိုက်တက်အသင်းဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေ ဖလားပြိုင်ပွဲမှာ လိဂ်ဝမ်းကလပ် ထရန်မီရာ အသင်းကို အဝေးကွင်းမှာ ခြောက်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဖိအားတွေကို အတော်လေး လျော့ချနိုင်ခဲ့ပါတယ်။

Photo Credit: Mirror.com

ပွဲမစခင်မှာ ထရန်မီရာအသင်းရဲ့ အိမ်ကွင်း ပရန်တန်ပတ်ခ်ရဲ့ ဆိုးရွားတဲ့ ကွင်းမျက်နှာပြင် အနေအထားကြောင့် ယူနိုက်တက်တို့အနေနဲ့ အသာစီးရယူဖို့ ခက်ခဲမယ်လို့ ဘောလုံး သုံးသပ်သူတွေက ခန့်မှန်းခဲ့ကြပေမယ့် ပွဲစချိန်မှာတော့ ယူနိုက်တက်အသင်းဟာ ထရန်မီရာကို အတော်လေး ဖိအားပေးကစားနိုင်ခဲ့သလို ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ မက်ဂွိုင်းယား ၊ လင်ဂတ် ၊ ဖီးလ်ဂျုံးစ် ၊ ဒါးလော့ ၊ မာရှယ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ငါးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိနေခဲ့ပါတယ်။

Photo Credit: Mirror.com

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်အသင်းဟာ ပွဲကို ထိန်းကစားသွားခဲ့ပြီး ဂရင်းဝုဒ်က ရရှိလာတဲ့ ပင်နယ်တီကနေ ခြောက်ဂိုးမြောက် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ယခုပွဲစဉ် လို ပထမပိုင်းပွဲကစားချိန်မှာကတည်းက ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့မှုဟာ ယူနိုက်တက်တို့နဲ့ ၁၉နှစ်တာကာလအထိ ကွာဝေးနေတဲ့ မှတ်တမ်း တစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit: Mirror.com

ယူနိုက်တက်အသင်းဟာ ၂၀၀၁ခုနှစ် ၊ ဖေဖော်ဝါရီလမှာ အာဆင်နယ်အသင်းကို ၆ဂိုး ၁ဂိုးဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ် ပြီးနောက် ပထမဦးဆုံးကြိမ် ထရန်မီရာနဲ့ပွဲမှာ ပထမပိုင်းမှာထဲက ၅ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ လက်ရှိ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား ဟာ အာဆင်နယ်အသင်းကို ၆ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။