ဝါရင့်နည်းပြကြီးတစ်ဦးဖြစ်တဲ့ ရန်းနစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပြီးနောက်မှာ အသင်းရဲ့ အခြေအနေတွေက သိသိသာသာ တိုးတတ်ကောင်းမွန်လာခြင်းမရှိလို့ ရန်းနစ်ကို အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ပြောင်းလဲခန့်အပ်ဖွယ် မရှိပဲ ပိုချက်တီနို တန်ဟတ်နဲ့ ဘရန်ဒန်ရော်ဂျာစ်တို့ကိုပဲ ပစ်မှတ်ထားလျက် ရှိနေသလို အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်တဲ့ ဒီယေဂိုဆီမြွန်နီကိုပါ စိတ်ဝင်စားလျက် ရှိနေတယ်လို့ El Nacional သတင်းဌာနာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Express

စပိန်သတင်းမီဒီယာ El Nacional ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အမြဲတမ်းနည်းပြ ရာထူးအတွက် အာဂျင်တီးနားလူမျိုး အသက်လက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ တကယ်တော့ ဆီမြွန်နီဟာ လက်ရှိ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ လုပ်ခလစာ အမြင့်မားဆုံး ဘောလုံးနည်းပြတစ်ယောက် ဖြစ်လို့နေပြီး ယူနိုက်တက်အသင်းဘက်ကနေလည်း ဆီမြွန်နီအတွက် တစ်ပတ်လုပ်ခကို ပေါင်(၄၈၀၀၀၀)ခန့်လောက်နဲ့ပါ ပေးချေသွားဖို့အထိပါ ကမ်းလှမ်းလာနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Express

အသက်(၅၁)နှစ်အရွှယ်ရှိ အာဂျင်တီးနား ကွင်းလယ်ကစားသမားဟောင်းကြီး ဆီမြွန်နီဟာ ၂၀၀၆ခုနှစ်လောက်ကတည်းက သူရဲ့နည်းပြဘဝကို စတင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနား ကလပ်အသင်းတွေမှာ (၅)နှစ်နီးပါးလောက်အထိ ကျင်လည်ခဲ့ပြီးနောက်မှာ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာပဲ အသက်လက်တီကိုမက်ဒရစ်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ အသက်လက်တီကိုအသင်းမှာ ဆယ်စုနှစ် တစ်ခုလောက်အထိ ကျင်လည်ခဲ့တဲ့ ဆီမြွန်နီဟာ ၄-၄-၂ ကစားကွက်ကို အကောင်းဆုံး တည်ဆောက်နိုင်သူဖြစ်ပြီး သူရဲ့ကစားဟန်မှာ တောင်ပံကစားသမားတွေကို အတွင်းထဲကို ဝင်ရောက်ကာ ကွင်းလယ်တိုက်စစ် ကစားသမားတွေလို ဆောင်ရွှက်စေသလို Full-back ကစားသမားတွေအတွက် Spaces တွေ ပိုဖန်တီးနိုင်သလို တိုက်စစ်ကိုလည်း ထိထိရောက်ရောက် လိုက်ပါနိုင်တဲ့ ပုံစံမျိုးကို ဖန်တီးနိုင်ခဲ့သူ ဖြစ်ပါတယ်။ အသင်းနဲ့လည်း ဆုဖလား အောင်မြင်မှုတွေများစွာ ရယူထားနိုင်တဲ့ ဆီမြွန်နီကို ယူနိုက်တက်အသင်းကနေ အလိုရှိနေတာဖြစ်ပြီး ဆီမြွန်နီအပြင် နောက်ထပ် အာဂျင်တီးနားလူမျိုး နာမည်ကျော် ဘောလုံးနည်းပြတစ်ဦးဖြစ်တဲ့ မော်ရီစီယိုပိုချက်တီနိုကိုပါ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားချင်နေပါတယ်။