မန်ယူအသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ပေါလ် စခိုးလ်ကတော့ မနေ့က တနင်္ဂနွေမှာ အိမ်ပါတီပွဲ ကျင်းပခဲ့တာကြောင့် ရဲတွေ့ရဲ့ ဝင်ရောက်စစ်မှုးကို ခံရတာ ဖြစ်ပြီးတော့ အိမ်ထဲက ပါတီလာ ဧည့်သည်တွေအနေနဲ့ ဒဏ်ငွေ ကိုယ်စီ ပေးဆောင်လိုက်ရတာ ဖြစ်ပါတယ်။ The Sun သတင်းက တနင်္ဂနွေနေ့မှာ ပေါလ် စခိုးလ်အနေနဲ့ သူ့ရဲ့ ပေါင် (၃.၅) တန် အိမ်ထဲမှာ တရားမဝင် ပါတီပွဲ ကျင်းပခဲ့တယ်လို့ ဖော်ပြပြီးနောက် မန်ချက်စတာ ရဲတွေက ပေါလ်စခိုးလ်ရဲ့ နေအိမ်ကို သွားရောက်ခဲ့ကြတာ ဖြစ်ပြီး အားလုံးကို ဒဏ်ငွေ ပေးဆောင်စေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: TheSun

ပရီးမီးယားလိဂ် ကွင်းလယ် ကစားသမားဟောင်း ပေါလ် စခိုးလ်ဟာ ကိုဗစ် တားချက်ချက်တွေ နဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်ပြီး ပါတီပွဲကို ကျင်းပခဲ့တာကြောင့် ရဲတွေရဲ့ စစ်ဆေးမှုကို ခံခဲ့ရတာ ဖြစ်ပြီး သူ့သားမွေးနေ့ ပါတီပွဲ ကျင်းပခဲ့တာ ဖြစ်တယ်လို့ TheSun က ဖော်ပြပါတယ်။ ပေါလ် စခိုးလ်ကတော့  သူ့သား ဖြစ်သူ အာရွှန် အသက်ရဲ့ (၂၁) နှစ် ပြည့်မွေးနေ့ပါတီ ပွဲကို ကျင်းပခဲ့တဲ့ အချိန်မှာ ကိုရိုနာ ဗိုင်းရပ် ရောဂါနဲ့ ပက်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မိတာကြောင့် တစ်ယောက်ချင်းစီ ဒဏ်ငွေ ပေါင် (၁၀၀) စီ ချမှတ်ခံလိုက်ရပါတယ်။

Photo Credit: TheSun

ပေါလ် စခိုးလ် နဲ့ သူ့ရဲ့ မိသားစုဟာ အိုဟမ်မြို့မှာ နေထိုင်ကြတာ ဖြစ်ပြီး အိုဟမ်မြို့မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဧည့်သည် လည်ပတ်ခွင့်ကို ပိတ်ပင်ခဲ့တာ ဖြစ်ပေမယ့်လည်း ပေါလ် စခိုးလ်ကတော့ ဧည့်သည်တွေ ဖိတ်ခေါ်ပြီး မွေးနေ့ပါတီပွဲကို အိမ်ထဲမှာ ကျင်းပသွားတာ ဖြစ်ပါတယ်။ မန်ချက်စတာရဲ အဖွဲ့က တာဝန်ရှိသူ တစ်ဦးက “တာဝန်ရှိ ရဲတွေက အိမ်ထဲကို ဝင်ရောက်ခဲ့ပြီး တစ်ဦးချင်းစီကို စစ်ဆေးခဲ့ပါတယ်။ ကန့်သတ် စည်းမျဉ်းတွေကိုလည်းပဲ ရှင်းပြပေးခဲ့ပါတယ်။ တိုက်ကြားချက်ဖွင့်ဖို့ ပြုလုပ်နေကြပါတယ်”လို့ သတင်းထောက်တွေကို ပြောပြသွားခဲ့ပါတယ်။ အသက် (၁၉) နှစ် အရွှယ် ပေါလ် စခိုးလ်ရဲ့ သမီး ဖြစ်သူ အလီစီယာကတော့ မွေးနေ့ပါတီပွဲ မကျင်းပခင်မှာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အုပ်စု ဓါတ်ပုံ တွဲရိုက်ခဲ့ပြီး မွေးနေ့ပါတီပွဲမှာ DJ သမား နဲ့ ဟမ်ဘာဂါကားတစ်စင်းလည်း ရှိတယ်လို့ TheSun သတင်းက ဖော်ပြသွားတာ ဖြစ်ပါတယ်။