MySport Myanmar

ဆောင်းဈေးကွက်မှာ တွမ်မီနေးကို ရောင်းထုတ်သွားဖို့ ဆန္ဒမရှိတဲ့ မန်ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းရဲ့ ကွင်းလယ်ကစားသမား စကော့ မက် တွမ်မီနေးကို အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

မေဆန်မောင့် အမ်မရာဘတ်တို့လို ကွင်းလယ် ကစားသမားသစ်တွေ အသင်းကို ရောက်ရှိလာပြီးနောက်ပိုင်း ယူနိုက်တက်မှာ ပုံမှန် ပွဲကစားခွင့်တွေ ပျောက်ဆုံးလာခဲ့ရတဲ့ တွမ်မီနေးက ဒီရာသီထဲ ဘရိုက်တန် နဲ့ ဘန်လေ ပွဲတွေမှာသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရပြီး ကျန်တဲ့ပွဲတွေမှာတော့ အရန်အနေနဲ့ပဲ ပါဝင်ခဲ့ရပါတယ်။

Photo Credit : Daily Record

ဒါပေမယ့် စကောတလန် လက်ရွေးစင် ကွင်းလယ်လူ တွမ်မီနေးဟာ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ အသင်းအတွက် လူစားဝင် ကစားရင်း ယူနိုက်တက်အတွက် ချေပဂိုး နဲ့ အနိုင်ဂိုးတို့ကို နာကျင်အချိန်ပိုတွေမှာ သွင်းယူခဲ့သလို စကော့တလန်အတွက် ကစားပေးရတဲ့ ပွဲစဉ်တွေမှာ ဂိုးမြူးလျက် ရှိနေပါတယ်။

ဒါကြောင့် ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား တွမ်မီနေးကို အနည်းဆုံး ဒီနှစ်ဘောလုံးရာသီအထိ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားချင်နေပြီး ပွဲကစားခွင့်တွေလည်း ပေးသွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Goal

အသက် (၂၆)နှစ်အရွယ် စကော့ ကွင်းလယ်လူ တွမ်မီနေးကို နယူးကာဆယ် ဝက်စ်ဟမ်းတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် ဘိုင်ယန်မြူးနစ်လို ဥရောပ ထိပ်တန်း ကလပ်အသင်းကြ်ီးတွေကလည်း စိတ်ဝင်စားလျက် ရှိနေပေမယ့် ယူနိုက်တက်ကတော့ တွမ်မီနေးကို အသင်းမှာပဲ ဆက်ထိန်းသွားနိုင်ပါတယ်။

လက်ရှိ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ကက်စီမဲရိုးရဲ့ ခြေစွမ်းပိုင်းတွေ ကျဆင်းလာမှု ကစားသမားသစ် မေဆန်မောင့် အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်နေရမှုတွေကြောင့် တွမ်မီနေးအနေနဲ့ နောက်ပိုင်းပွဲတွေမှာ ပွဲကစားခွင့်တွေ ပိုမို ရရှိလာနိုင်ဖွယ် ရှိနေရပါတယ်။

Exit mobile version