နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ကွင်းလယ်လူ ဂျက် ဂရီလစ်ချ်ကို ခေါ်ယူနိုင်ဖို့အတွက် အက်စတွန်ဗီလာအသင်းကို ဂိုးသမား ရိုမီရိုနဲ့ အလိုက်ပေး ကမ်းလှမ်းသွားဖို့ အစီအစဉ် ဆွဲနေပါတယ်လို့ အင်္ဂလန် အခြေစိုက် Dailymail သတင်းက အခိုင်အမာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။  မန်ယူအသင်းဟာ လက်ရှီမှာ ဂိုးသမား ရိုမီရို၊ ဂိုးသမား ဒီဂီယာ နဲ့ ဂိုးသမား ဟန်ဒါဆန် စသဖြင့် ဂိုးသမား (၃) ဦး ရှိနေပြီး နည်းပြ ဆိုးလ်ရှားအနေနဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာကစားတဲ့ ဂိုးသမား ဟန်ဒါဆန်ကို နေရာပေးချင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

 

Photo Credit: Dailymail

အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား ရိုမီရိုဟာ မန်ယူအသင်းရဲ့ ဂိုးသမား ဒီဂီယာရဲ့ နောက်က ဒုတိယ ဂိုးသမား အဖြစ် ရှိနေပြီး မန်ယူအသင်းက ဂိုးသမား ရှာဖွေနေတဲ့ အက်စတွန်ဗီလာအသင်းကို ဂိုးသမား ရိုမီရိုကို အလိုက်ပေးပြီး ကွင်းလယ်လူ ဂရီလစ်ချ်ကို ခေါ်ယူချင်နေပါတယ်။ မန်ယူအသင်းဟာ အက်စတွန် ဗီလာအသင်းရဲ့ ကွင်းလယ်လူ ဂရီလစ်ချ်ကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာ ဆန်ချိုကို ခေါ်ယူဖို့ ကျရှုံးခဲ့ပြီးနောက် အက်စတွန် ဗီလာအသင်းရဲ့ ကွင်းလယ်လူ ဂရီလစ်ချ်ကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

အက်စတွန်ဗီလာအသင်းဟာ အသင်းရဲ့ ကွင်းလယ်လူ ဂရီလစ်ချ်ကို ပေါင် သန်း (၇၀) တန်ကြေး ရှိတယ်လို့ သတ်မှတ်ထားတာ ဖြစ်ပြီး နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ ကွင်းလယ်လူ တွန်မီနေး ဒဏ်ရာရနေတာကြောင့် အသင်းရဲ့ ကွင်းလယ်ကို ဂရီလစ်ချ်နဲ့ အားဖြည့်ချင်တာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ဂိုးသမား ရှာနေတာကြောင့် မန်ယူအသင်းက ဂရီလစ်ချ်ကို ခေါ်ယူဖို့ သင့်တင့်တဲ့ ဈေးနှုန်း အပါအဝင် ဂိုးသမား ရီုမီရိုနဲ့ပါ အလိုက်ပေး ကမ်းလှမ်းမယ် ဆိုရင် ကွင်းလယ်လူ ဂရီလစ်ချ်ရဲ့ အပြောင်းအရွှေ့က အောင်မြင်စွာ ဖြစ်မြောက်သွားနိုင်ချေ ရှိပါတယ်။