MySport Myanmar

မာသီးစ် တဲလ်ကို မန်ယူ ချယ်လ်ဆီး အာဆင်နယ်နဲ့ စပါးတို့ အပြိုင်ကြိုးပမ်းကြဖွယ် ရှိနေ

ပရီးမီးယားလိဂ်က နာမည်ကျော် ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ် ချယ်လ်ဆီး မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတွေက ဘိုင်ယန်မြူးနစ်ရဲ့ လူငယ်တိုက်စစ်ကစားသမားလေး မာသီးစ် တဲလ်ကို ဆောင်းဈေးကွက် မပိတ်ခင်းမှာပဲ ခေါ်ယူသွားချင်နေကြပြီး အပြိုင်ကြိုးပမ်းသွားဖွယ်လည်း ရှိနေပါတယ်။

အသက်(၁၉)နှစ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ပြင်သစ်တိုက်စစ်ကစားသမား တဲလ်ဟာ ဒီရာသီ နည်းပြ ကွန်ပနီ လက်အောက်မှာ ပွဲကစားခွင့်တွေ အတော်လေး နည်းပါးနေရတာကြောင့် အခုဈေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Wa Ain’t Got No History

ဘယ်တောင်ပံနေရာမှာ အဓိက ကစားသူဖြစ်ပြီး လိုအပ်ရင် ညာတောင်ပံနဲ့ အထောင်တိုက်စစ်နေရာတွေအထိ ကစားနိုင်တဲ့ တဲလ်ဟာ ၂၀၂၂ခုနှစ် နွေကတည်းက ရန်းစ်ကနေ ဘိုင်ယန်ဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး မနှစ်က ရာသီမှာဆိုရင် ပွဲပေါင်း (၄၁)ပွဲအထိတောင် ကစားခွင့်ရခဲ့ပေမယ့် ဒီရာသီမှာတော့ (၁၄)ပွဲတည်းသာ ကစားထားရပါတယ်။

ပွဲကစားခွင့် အကန့်အသတ်တွေနဲ့ ဖြစ်လာတဲ့ တဲလ်ဟာ ဘိုင်ယန်မှာ ဆက်မနေချင်တော့ဘဲ အသင်းက ထွက်ခွာချင်လာတာကြောင့် သူ့ကို ကလပ်အသင်း များစွာက အငှားအပြောင်းအရွှေ့နဲ့ ခေါ်ယူချင်လာခဲ့သလို တိုက်စစ်အားဖြည့်သွားချင်နေတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း တဲလ်ကို အပြိုင်စိတ်ဝင်စားလာကြပါတယ်။

Photo Credit : Get German Football News

အာဆင်နယ် ချယ်လ်ဆီး ယူနိုက်တက်နဲ့ စပါးအသင်းတို့က လက်ရှိမှာ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တစ်ဦးကို ဒီဈေးကွက်အတွင်းမှာပဲ အရ ခေါ်ယူသွားချင်နေပြီး ဒီအသင်းတွေရဲ့ လက်ရှိပစ်မှတ်က ပြင်သစ်ကစားသမားလေး မာသီးစ် တဲလ် ဖြစ်လာခဲ့ပါတယ်။ ဒီအသင်းတွေက တဲလ်ကို ဘိုင်ယန်ကနေ အငှားစာချုပ်နဲ့ရော အငှား+အပြီးသတ်နဲ့ပါ ခေါ်ယူချင်နေပါတယ်။

အသင်း(၄)သင်းလုံးကတော့ ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု အရင်ဆုံး ရရှိထားအောင် ကြိုးပမ်းနေကြပြီး စပါးဆိုရင်လည်း မနေ့က ဘိုင်ယန်နဲ့ ဆလိုဗန်တို့ရဲ့ ချန်ပီယံလိဂ်ပွဲအထိကိုပါ အသင်းရဲ့ ဒါရိုက်တာဖြစ်သူက သွားရောက်ကြည့်ရှုရင်း တဲလ်ရဲ့ ခြေစွမ်းတွေကိုပါ လေ့လာသွားခဲ့ပါတယ်။

Exit mobile version