မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ စီးရီးအေ ကစားသမားတွေဖြစ်တဲ့ ဂိုးသမား အိုနာနာ နဲ့ တိုက်စစ်ကစားသမား ဟွိုင်လန်းတို့ကို ထပ်မံ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ လေဗာကူဆင်ရဲ့ နယ်သာလန် ညာနောက်ခံလူ ဂျယ်ရမီဖရင်းပေါင်ရဲ့ အခြေအနေကိုပါ ဆက်လက် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Jeremie Frimpong would tread unusual path with Manchester United transfer -  Manchester Evening News

Photo Credit : Manchester Evening News

အသက် (၂၂)နှစ်အရွယ်ရှိ နယ်သာလန် ယူ-၂၁ ညာနောက်ခံ ကစားသမားလေး ဖရင်းပေါင်ဟာ မန်ချက်စတာစီးတီး အကယ်ဒမီမှာ (၉)နှစ်နီးပါးလောက်အထိ ပါဝင်ကစားခဲ့ပြီး သူရဲ့ စီနီယာ ကစားသမားဘဝကိုတော့ ဆဲလ်တစ်အသင်းနဲ့ စတင် ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ခုနှစ်မှာ ဆဲလ်တစ်ကနေ လေဗာကူဆင်ကို ရောက်ရှိလာတဲ့ ဖရင်းပေါင်ဟာ လေဗာကူဆင်နဲ့ (၃)ရာသီအထိ ဖြတ်သန်းခဲ့ပြီဖြစ်ပြီး (၃)ရာသီထဲ (၉၅)ပွဲအထိ ကစားထားခဲ့သလို ပြီးခဲ့တဲ့ ရာသီမှာလည်း ဘွန်ဒက်စ်လီဂါ (၃၄)ပွဲအတွင်း (၈)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : beIN SPORT

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်သူ ဖရင်းပေါင်ကို ဥရောပ ကလပ်အသင်းများစွာက အပြိုင် စိတ်ဝင်စားလာခဲ့ကြပြီး လက်ရှိမှာတော့ ဒီကစားသမားကို အာဆင်နယ် နဲ့ ယူနိုက်တက်တို့က စိတ်အဝင်စားဆုံး ဖြစ်နေကြပါတယ်။ ခက်တာက ဒီအသင်း နှစ်သင်းလုံး right-back နေရာအတွက် ဦးစားပေး ခေါ်ယူဖို့ အရမ်းကြီး မလိုအပ်သေးတာကြောင့် ဖရင်းပေါင်အတွက် တရားဝင် ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းလာဖို့ထက် ဆက်လက် စောင့်ကြည့်သွားဖို့သာ ရှိနေရပါတယ်။

Photo Credit : Football Espana

ယူနိုက်တက်ကလည်း ညာခြမ်း ခံစစ်နေရာမှာ ဒါလော့ နဲ့ ဘစ်ဆာခါတို့ နှစ်ဦးကို ပိုင်ဆိုင်ထားခဲ့ပေမယ့် ဘစ်ဆာခါရဲ့ အနာဂတ်ကတော့ သိပ်ပြီး ခိုင်ခိုင်မာမာ မရှိနေတဲ့အတွက် ဘစ်ဆာခါသာ အသင်းနဲ့ လမ်းခွဲမယ်ဆိုရင်တော့ ဖရင်းပေါင်ကို သေချာပေါက် ကမ်းလှမ်းလာဖွယ်လည်း ရှိနေပါတယ်။ ဖရင်းပေါင်ရဲ့ လက်ရှိ တန်ကြေးကတော့ ပေါင် (၃၅)သန်းအထိ ရှိနေပါတယ်။