ဒီရာသီ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေရတဲ့ ကစားသမားတွေထဲမှာ အာဂျင်တီးနားနောက်ခံကစားသမား မားကို့စ်ရိုဟိုလည်း အပါအဝင်ဖြစ်ပါတယ်။ ရိုဟိုဟာ ယူနိုက်တက်အသင်းမှာ နေရာမရတာ အချိန်အတော်ကြာပြီဖြစ်ပြီး တစ်ရာသီအတွင်းမှာ ပွဲထွက်ကစားခွင့်တွေ အလွန်နည်းပါးနေသူလည်းဖြစ်ပါတယ်။ ဒီလို အသင်းမှာ အခွင့်အရေးတွေ မရခဲဲ့တာကြောင့် ပြီးခဲ့တဲ့နွေစျေးကွက်တုန်းကပဲ အသင်းကနေ ထွက်ခွာဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မထွက်ခဲ့ရတဲ့ ရိုဟိုဟာ အခုဆိုရင် သူရဲ့မွေးရပ်မြေ အာဂျင်တီးနားကို ပြန်သွားဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

Photo Credit : Daily Mail

အသက်၂၉နှစ်အရွှယ်ရှိ အာဂျင်တီးနားနောက်ခံကစားသမား မားကို့စ်ရိုဟိုဟာ ၂၀၁၄ခုနှစ်ကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ နည်းပြအပြောင်းအလဲ ဆက်တိုက်ဖြစ်ပေါ်ပြီးနောက် အသင်းမှာ သူရဲ့ပွဲထွက်ခွင့်တွေက နည်းပါးလာခဲ့ရတာဖြစ်ပြီး ဒဏ်ရာပြသာနာက ပြန်လည်ကောင်းမွန်လာချိန်မှာ သူရဲ့ပုံစံကောင်းတွေမပြသနိုင်တော့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရိုဟိုဟာ ယူနိုက်တက်အသင်းကနေ အာဂျင်တီးနားကလပ် အက်စတူဒီယန်တက်စ်အသင်းဆီ ၆လအငှားနဲ့ ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Sportskeeda

အက်စတူဒီယန်းတက်စ်အသင်းကတော့ အာဂျင်တီးနားရဲ့ နာမည်ကျော် ကလပ်အသင်းတစ်သင်းဖြစ်တဲ့အပြင် ယူနိုက်တက်ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဗီရွန်ကိုင်တွယ်နေတဲ့ အသင်းလည်းဖြစ်ပါတယ်။ အခုလို အက်စတူဒီယန်းတက်စ်အသင်းနဲ့ ပူးပေါင်းတော့မယ့် ရိုဟိုဟာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာတော့မယ့် စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူရာမှာ အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် အသင်းဟောင်းလစ္စဘွန်းဆီကို ပြောင်းရွှေ့ရဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ မွေးရပ်မြေအသင်းဆီကို ပြောင်းရွှေ့ဖို့ပဲ ဖြစ်လာခဲ့ရပါတယ်။ ရိုဟိုဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက စျေးကွက်နောက်ဆုံးနေ့မှာပဲ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အလွန်နီးစပ်ခဲ့ပေမယ့်လည်း ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး အသင်းနှစ်သင်းကြား အဆင်မပြေခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။

(Zawgyi)

ေမြးရပ္ေျမ အာဂ်င္တီးနားကုိ ျပန္သြားဖုိ႔ ေသခ်ာေနၿပီျဖစ္တဲ႔ ယူႏုိက္တက္ခံစစ္မွဴး ရုိဟုိ

ဒီရာသီ မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ပုံမွန္ေနရာေပ်ာက္ဆုံးေနရတဲ႔ ကစားသမားေတြထဲမွာ အာဂ်င္တီးနားေနာက္ခံကစားသမား မားကုိ႔စ္ရုိဟုိလည္း အပါအဝင္ျဖစ္ပါတယ္။ ရုိဟုိဟာ ယူနုိက္တက္အသင္းမွာ ေနရာမရတာ အခ်ိန္အေတာ္ၾကာၿပီျဖစ္ၿပီး တစ္ရာသီအတြင္းမွာ ပြဲထြက္ကစားခြင့္ေတြ အလြန္နည္းပါးေနသူလည္းျဖစ္ပါတယ္။ ဒီလုိ အသင္းမွာ အခြင့္အေရးေတြ မရခဲဲ႔တာေၾကာင့္ ၿပီးခဲ႔တဲ႔ေႏြေစ်းကြက္တုန္းကပဲ အသင္းကေန ထြက္ခြာဖုိ႔ စီစဥ္ခဲ႔ေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ မထြက္ခဲ႔ရတဲ႔ ရုိဟုိဟာ အခုဆုိရင္ သူရဲ႕ေမြးရပ္ေျမ အာဂ်င္တီးနားကုိ ျပန္သြားဖုိ႔ ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။

Photo Credit : Sportskeeda

အသက္၂၉ႏွစ္အရႊယ္ရွိ အာဂ်င္တီးနားေနာက္ခံကစားသမား မားကို႔စ္ရုိဟုိဟာ ၂၀၁၄ခုႏွစ္ကမွ စပုိ႔တင္းလစၥဘြန္းအသင္းကေန ယူႏုိက္တက္အသင္းဆီကုိ ေရာက္ရွိလာခဲ႔တာျဖစ္ၿပီး ယူႏုိက္တက္မွာ နည္းျပအေျပာင္းအလဲ ဆက္တုိက္ျဖစ္ေပၚၿပီးေနာက္ အသင္းမွာ သူရဲ႕ပြဲထြက္ခြင့္ေတြက နည္းပါးလာခဲ႔ရတာျဖစ္ၿပီး ဒဏ္ရာျပသာနာက ျပန္လည္ေကာင္းမြန္လာခ်ိန္မွာ သူရဲ႕ပုံစံေကာင္းေတြမျပသႏုိင္ေတာ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ရုိဟုိဟာ ယူနုိက္တက္အသင္းကေန အာဂ်င္တီးနားကလပ္ အက္စတူဒီယန္တက္စ္အသင္းဆီ ၆လအငွားနဲ႔ ေျပာင္းေရႊ႕ကစားဖုိ႔ သေဘာတူညီမႈ ရရွိခဲ႔ၿပီျဖစ္ပါတယ္။

Photo Credit : Daily Mail

အက္စတူဒီယန္းတက္စ္အသင္းကေတာ့ အာဂ်င္တီးနားရဲ႕ နာမည္ေက်ာ္ ကလပ္အသင္းတစ္သင္းျဖစ္တဲ႔အျပင္ ယူႏုိက္တက္ရဲ႕ ကစားသမားေဟာင္းျဖစ္တဲ႔ ဗီရြန္ကုိင္တြယ္ေနတဲ႔ အသင္းလည္းျဖစ္ပါတယ္။ အခုလုိ အက္စတူဒီယန္းတက္စ္အသင္းနဲ႔ ပူးေပါင္းေတာ့မယ့္ ရုိဟုိဟာ ယူႏုိက္တက္အသင္းဆီ ေျပာင္းေရႊ႕လာေတာ့မယ့္ စပုိ႔တင္းလစၥဘြန္းအသင္းရဲ႕ ကြင္းလယ္တုိက္စစ္ကစားသမား ဘရူႏုိဖာနန္ဒက္စ္ကုိ ေခၚယူရာမွာ အေျပာင္းအေရႊ႕ တစိတ္တပုိင္းအျဖစ္ အသင္းေဟာင္းလစၥဘြန္းဆီကုိ ေျပာင္းေရႊ႕ရဖြယ္ရွိတယ္လုိ႔ သတင္းေတြ ထြက္ေပၚခဲ႔ေပမယ့္လည္း တကယ္တမ္းမွာေတာ့ ေမြးရပ္ေျမအသင္းဆီကုိ ေျပာင္းေရႊ႕ဖုိ႔ပဲ ျဖစ္လာခဲ႔ရပါတယ္။ ရုိဟုိဟာ ၿပီးခဲ့တဲ႔ ေႏြေစ်းကြက္တုန္းက ေစ်းကြက္ေနာက္ဆုံးေန႔မွာပဲ အဲဗာတန္အသင္းဆီ ေျပာင္းေရႊ႕ကစားဖုိ႔ အလြန္နီးစပ္ခဲ႔ေပမယ့္လည္း ေျပာင္းေရႊ႕ေၾကးနဲ႔ပတ္သက္ၿပီး အသင္းႏွစ္သင္းၾကား အဆင္မေျပခဲ႔တာေၾကာင့္ အေျပာင္းအေရႊ႕မျဖစ္ခဲ့ရတာပဲျဖစ္ပါတယ္။