ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲမန်ချက်စတာယူနိုက်တက်အသင်းဟာသူတို့အသင်းရဲ့ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ပေါ့ဘာကိုလာမယ့်နွေရာသီမှာယှဉ်ပြိုင်ကစားမယ့်ယူရို၂၀၂၀ပြိုင်ပွဲမတိုင်မီမှာရောင်းချသွားဖို့လုပ်ဆောင်နေတယ်လို့အီတလီသတင်းစာတွေကဖော်ပြသွားကြပါတယ်။

Photo Credit: Express.com

     အသက်၂၆နှစ်အရွယ်ပြင်သစ်ကွင်းလယ်လူပေါ့ဘာဟာယခုနှစ်ဘောလုံးရာသီမှာဒဏ်ရာပြဿနာများစွာနဲ့ရုန်းကန်နေရသူတစ်ဦးဖြစ်ကာယူနိုက်တက်အသင်းအတွက်ပွဲစဉ်အနည်းငယ်ကိုသာပါဝင်ကစားပေးထားနိုင်သူဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းနဲ့နီးစပ်သူတွေကတော့ပေါ့ဘာဟာလက်ရှိရာသီအကုန်မှာအသင်းကနေထွက်ခွာတော့မှာဖြစ်ကြောင်းဝန်ခံထားကြပါတယ်။

Photo Credit: Express.com

     အင်္ဂလန်သတင်းစာတွေရဲ့ဖော်ပြချက်အရပြင်သစ်အသင်းနဲ့အတူကမ္ဘာ့ဖလားကိုရရှိထားခဲ့တဲ့ပေါ့ဘာဟာယူနိုက်တက်အသင်းမှာဆက်လက်ရှိလိုစိတ်မရှိတော့ကြောင်းနဲ့သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ဂျူဗင်တပ်နဲ့ရီးရဲလ်မက်ဒရစ်အသင်းတို့ကိုပြောင်းရွှေ့လိုနေပြီလို့သိရပါတယ်။ဒါ့အပြင်ယူနိုက်တက်ဘက်ကလဲပေါ့ဘာကိုရောင်းထုတ်ဖို့ဆုံးဖြတ်လိုက်ပြီလို့လဲသိရှိထားရပါတယ်။

Photo Credit: Express.com

     အီတလီသတင်းစာတွေရဲ့ဖော်ပြချက်အရယူနိုက်တက်အသင်းဟာယူရို၂၀၂၀ပြိုင်ပွဲမှာပြင်သစ်အသင်းအတွက်ဝင်ရောက်ကစားမယ့်ပေါ့ဘာကိုယူရို၂၀၂၀ပြိုင်ပွဲမတိုင်မီမှာပဲရောင်းချသွားမှာဖြစ်ကြောင်းနဲ့ယူရိုပြိုင်ပွဲမှာပေါ့ဘာတစ်ယောက်ဒဏ်ရာရသွားပါကရောင်းထုတ်လို့မရတော့မှာကိုစိုးရိမ်နေတာကြောင့်အခုလိုစောစီးစွာရောင်းထုတ်မှာဖြစ်တယ်လို့သိထားရပါတယ်။