မန်စီးတီးအသင်းဟာ အသင်းကို သန်းကြွယ်သူဌေးတွေ စတင်ရင်းနှီးမြှပ်နှံချိန်ကနေစပြီး ကစားသမားသစ်တွေကို ပေါင်သန်းများစွာနဲ့ ခေါ်ယူမှုတွေ ဆက်တိုက်ပြုလုပ်လာခဲ့ကာ အသင်းအတွက် အကျိုးပြုတဲ့ ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲဲ့သလို အသင်းအတွက် ဘယ်လိုမှ အကျိုးမရှိခဲ့တဲ့ ကစားသမားတွေကိုလည်း ထူးဆန်းစွာ ခေါ်ယူဖြစ်ခဲ့ပါတယ်။ တချို့ဆိုရင် ဒီကစားသမားတွေက မန်စီးတီးအသင်းမှာ ကစားခဲ့သလားဆိုတာတောင် မနည်းစဉ်းစားရယူရတဲ့အထိပါပဲ။ ဒီကစားသမားတွေကို ဖော်ပြသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Twitter

ဒေးဗစ်ပီဇာရို
ချီလီကစားသမားကြီး ပီဇာရိုက ဘောလုံးသမားကောင်းတစ်ယောက်ပါ။ အင်တာမီလန်မှာ မန်ချီနီနဲ့ အတူလက်တွဲခဲ့ဖူးတဲ့ ပီဇာရိုဟာ ၂၀၁၂ခုနှစ်မှာ မန်စီးတီးအသင်းကို ရာသီကုန်အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၅)ပွဲပဲ ပါဝင်ကစားခဲ့ရသလို သူရဲ့ခြေစွမ်းအမှန်ကို မပြသနိုင်ခဲ့တာကြောင့် မန်စီးတီးရဲ့အပြီးသတ်ခေါ်ယူမှုကို မရရှိခဲပဲ စီးရီးအေကိုသာ ပြန်သွားခဲ့ရပါတယ်။

Photo Credit : Daily Express

စကော့ဆင့်ကလဲယား
ဆင့်ကလဲယားကတော့ ပရီးမီးယားလိဂ်ကို တန်းတတ်လာခဲ့တဲ့ ဆွမ်ဆီးအသင်းနဲ့အတူ ဘောလုံးပရိသတ်တွေရဲ့ သတိထားမှုကို စတင်ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ၂၀၁၂ခုနှစ်မှာပဲ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပါတယ်။ ဒီတောင်ပံကစားသမားဟာ ဆွမ်ဆီးမှာတုန်းက ခြေစွမ်းပြသနိုင်ခဲ့သလောက် မန်စီးတီးမှာတော့ ဘယ်လိုမှ အံ့မဝင်နိုင်ခဲ့ပဲ ဝက်ဘရွန်း ဗီလာ ဆဲလ်တစ်အသင်းတွေကို ဆက်တိုက်ပြောင်းရွှေ့ခဲ့ရကာ အခုဆိုရင် ပရက်စတန်အသင်းဆီကိုတောင် ရောက်ရှိနေခဲဲ့ရပါပြီ။

Photo Credit : Sky Sports

အိုဝင်ဟားဂရေ့စ်
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့တဲဲ့ အင်္ဂလန်ကွင်းလယ်လူကြီး ဟားဂရေ့စ်က ယူနိုက်တက်အသင်းကနေ ခါးသီးမြို့ခံပြိုင်ဘက် မန်စီးတီးအသင်းဆီကို ၂၀၁၁ခုနှစ်မှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီးတော့ တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်သလို အသင်းနဲ့ (၁)ပွဲပဲ ကစားခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းတာကတော့ အဲ့ဒီနှစ်မှာပဲ ဟားဂရေ့စ်က မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Manchester City FC

စကော့ကာဆန်
အင်္ဂလန်ရဲ့ ဝါရင့်ဂိုးသမားကြီး စကော့ကာဆန်ဟာ ဒီနှစ်ရာသီအစမှာပဲ မန်စီးတီးအသင်းကို အံ့အားသင့်စဖွယ် ရောက်ရှိလာခဲ့ပါတယ်။ အသင်းမှာ အီဒါဆန် ဘရာဗိုတို့လို ဂိုးသမားတွေရှိနေရဲ့သားနဲ့ ကာဆန်ကို ဘာကြောင့်ခေါ်ယူခဲ့သလဲဆိုတာ တွေးရခက်စေခဲ့ပြီး အခုထိလည်း မန်စီးတီးအတွက် တစ်ပွဲတစ်လေမှကို မကစားထားရသေးပါဘူး။