မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း လက်ရှိမှာ ဒါဘီ ကောင်တီ တိုက်စစ်မှူး ရွန်နီးက မန်စီးတီး ကွင်းလယ်လူ ဒီဘရှိုင်းဟာ မန်စီးတီးအသင်းရဲ့ အကြီးမားဆုံး လက်နက် ဖြစ်ပြီး ကမ္ဘာ့ ထိပ်သီး ကစားသမား (၃) ဦးထဲမှာ တစ်ယောက် ဖြစ်ပါတယ်လို့ အမွှမ်းတင် ချီးကျူးသွားတာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ဒီဘရှိုင်းဟာ အရင်က ချဲလ်ဆီးအသင်းမှာ ကစားခဲ့စဉ်က မအောင်မြင်ခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက ဝုဖ်ဘတ်အသင်းကို ပြောင်းပြီး ဝုဖ်ဘတ်အသင်းကနေ မန်စီးတီးအသင်းကို (၂၀၁၅) ခုနှစ်မှာ ရောက်လာပြီးနောက် အောင်မြင်မှုတွေ တရစပ် ရရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဒီဘရှိုင်းဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းအတွက် (၅) နှစ်ကြာ ကစားထားပြီ ဖြစ်ပြီး မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၂၂၀) ပွဲ ကစားထားရာမှာတော့ သွင်းဂိုး (၅၆) ဂိုး နဲ့ ဂိုးဖန်တီးမှု (၈၉) ကြိမ် ပြုလုပ်ထားတာကြောင့် သွင်းဂိုး (၁၄၅) ဂိုးမှာ ပါဝင်ပက်သက်ထားပါတယ်။ ဒီဘရှိုင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ပွဲစဉ် (၃၅) ပွဲ ကစားထားရာမှာတော့ သွင်းဂိုး (၁၃) ဂိုး သွင်းယူထားတာ ဖြစ်ပြီး မန်ယူအသင်းရဲ့ သမိုင်းမှာ သွင်းဂိုး အများဆုံး ဖြစ်သူ ရွန်းနီက ဒီဘရှိုင်းကို မန်စီးတီးအသင်းရဲ့ အကြီးမားဆုံး လက်နက် ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

Photo Credit: Goal

ရွန်းနီက “မန်စီးတီးအသင်းရဲ့ အကြီးမားဆုံး လက်နက်က ဒီဘရှိုင်း ဖြစ်တယ် ဆိုတာက သံသယ ရှိစရာ မရှိပါဘူး။ သူက ငြင်းစရာမလိုဘဲ လက်ရှိအချိန်မှာ ကမ္ဘာ့ ထိပ်သီး ကစားသမား (၃) ဦးထဲက တစ်ယောက် ဖြစ်ပါတယ်။ သူကို ယှဉ်ပြိုင်ကစားရတာကတော့ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော် အဲဗာတန်အသင်းမှာ ကစားတုန်းက နည်းပြက (၄-၄-၂) ကစားကွက်မှာ ကျွန်တော် နဲ့ မော်ဂန်ကို အသုံးပြုပြီး မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ဒီဘရှိုင်း၊ ဖာနန်ဒင်ဟို နဲ့ ဒေးဗစ် ဆေးလ်ဗားတို့ကို ယှဉ်ပြိုင်ကစားခဲ့ရတာကို ကျွန်တော် အမြဲ သတိရမှာပါ။ သူတို့က ကျွန်တော်တို့ထက် သာနေခဲ့ပါတယ်။ ကျွန်တော် နဲ့ မော်ဂန်က ကွင်းထဲမှာ ဒီမှာ ဘာတွေ ဖြစ်နေတာလဲလို့ ပြောခဲ့ကြပါတယ်။ ကျွန်တော်တို့ (၃၇) မိနစ်ကစားပြီးချိန်မှာ (၃-ဝ) နဲ့ ရှုံးနိမ့်နေခဲ့ပြီး အဲဒီ ပွဲစဉ်မှာ ဘောလုံး ပိုင်ဆိုင်မှု (၁၈) ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်”လို့ TheTimes မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။