MySport Myanmar

ဘောလုံးထိချက် (၈)ကြိမ်နဲ့ completed passes (၂)ကြိမ်သာ ရှိခဲ့ရတဲ့ ဟော်လန်း

မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး အာလင်းဟော်လန်းဟာ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရင်း အသင်းဖော် ဂန်ဒိုဂန်ရဲ့သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပေမယ့်လည်း သူကစားခဲ့ရတဲ့ ပွဲချိန်(၇၂)မိနစ်အတွင်း ဟော်လန်းရဲ့ ဘောလုံးထိချက်က (၈)ကြိမ်သာ ရှိခဲ့ရပြီး ဘောလုံးပေးပို့မှုကလည်း (၂)ကြိမ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit : The Sun

အသက်(၂၂)နှစ်အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟော်လန်းဟာ သူရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ ပထမဆုံး ပွဲစဉ်အတွင်းမှာပဲ ဝက်စ်ဟမ်းအသင်းဘက်ကို (၂)ဂိုး သွင်းယူနိုင်ခဲ့ပြီး သူရဲ့ တိုက်စစ်အရည်အသွေးကောင်းကို ပြသနိုင်ခဲ့သလို ဘုန်းမောက်နဲ့ ပွဲစဉ်မှာလည်း ဂန်ဒိုဂန်ရဲ့ အဖွင့်ဂိုးကိုပါ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဟော်လန်းဟာ ဘုန်းမောက်နဲ့ ပွဲစဉ်အတွင်းမှာ ဘောလုံးထိချက်ပေါင်း (၈)ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ပြီး ပွဲကစားချိန်အတွင်း ဂန်ဒိုဂန်ကို ဖန်တီးခဲ့တဲ့ ဘောလုံးပေးပို့မှုနဲ့ ဒုတိယပိုင်းအစမှာ ပြုလုပ်ခဲ့တဲ့ ဘောလုံးပေးပို့မှု စုစုပေါင်း pass (၂)ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ရပါတယ်။

Photo Credit : The Sun

ဒီလို ဘောလုံး passes ပမာဏဟာ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာလက်အောက်မှာ အနည်းဆုံးသော အကြိမ်ရေ ဖြစ်နေရပြီး ဟော်လန်းအနေနဲ့ ဒီပွဲမှာ ဂိုးကန်သွင်းချက် (၂)ကြိမ်သာ လုပ်နိုင်ခဲ့ပြီး shot on target တစ်ကြိမ်မှလည်း မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဂွာဒီယိုလာကတော့ ဘုန်းမောက်အသင်းရဲ့ ခံစစ် set-up ကြောင့်သာ ဟော်လန်းက ကစားရခက်သွားခဲ့ရတာလို့ သုံးသပ်ခဲ့ပြီး ပြိုင်ဘက်ရဲ့ခံစစ်ကို ထိုးဖောက်ချိန်မှာ central midfielders (၃)ဦး central defenders (၃)ဦးတိုနဲ့ ရင်ဆိုင်ရတာက အလွန်ကို ခက်ခဲပါကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : AceFootball

ဥရောပထိပ်တန်း တိုက်စစ်ကစားသမားဖြစ်တဲ့ ဟော်လန်းဟာ အခုနှစ် နွေဈေးကွက်အတွင်းကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၅၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Exit mobile version