နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ လိုင်ယွန်အသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးတဲ့နောက် အသင်းပြောင်းဖွယ် ရှိနေတဲ့ မက်ဆီကို ဘယ်လောက်ပဲ ပေးရ ခေါ်ယူသွားဖို့ ဆန္ဒပဲ ရှိနေပါတယ်။ အသက် (၃၃) နှစ်အရွယ် မက်ဆီဟာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ဂျာမနီ ဘီးလူးကြီး ဘိုင်ယန်မြူးနစ်အသင်းကို အရှက်ရစဖွယ် (၈-၂) နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဘာစီလိုနာအသင်းက ထွက်သွားဖို့ ဆန္ဒရှိနေတယ်လို့ TheSun Sport သတင်းက အခိုင်အမာ ဖော်ပြသွားနိုင်ပါတယ်။

Photo Credit: Thesun

မန်စီးတီးအသင်းဟာ တိုက်စစ်မှူး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းက ထွက်သွားမယ် ဆိုရင် ခေါ်ယူနိုင်တယ်လို့ ယုံကြည်နေတာ ဖြစ်ပြီး The Mirror သတင်းကတော့ မန်စီးတီးအသင်းဟာ မက်ဆီကသာ အသင်းက ထွက်ချင်ရင် ဘယ်လောက်ပေးရ ခေါ်ချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ် (၁) နှစ်သာ ကျန်ရှိတောတာ့ ဖြစ်ပေမယ့်လည်း စာချုပ်ဖျက်သိမ်းကြေး ပေါင် (၆၃၅) သန်း ရှိတာ ဖြစ်ပြီး လက်ရှိမှာကတော့အီတလီအသင်းကြီး ဖြစ်တဲ့ အင်တာမီလန်အသင်းကလည်း သူ့ကို ခေါ်ယူချင်လျက် ရှိပါတယ်။

Photo Credit: Thesun

မက်ဆီဟာ ဘာစီလိုနာအသင်းကို အသက် (၁၃) နှစ် အရွယ်မှာ ရောက်ရှိလာခဲ့ပြီး ဘာစီလိုနာ အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၇၃၁) ပွဲ ကစားထားပြီးရာမှာ သွင်းဂိုး (၆၃၄) ဂိုး နဲ့ ဂိုးဖန်တီးမှု (၂၇၆) ကြိမ် ပြုလုပ်ထားပြီး လာလီဂါ (၁၀) ကြိမ် နဲ့ ချန်ပီယံလိဂ် (၄) ကြိမ် ရရှိထားပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိရာသီမှာတော့ အသင်း နဲ့ မက်ဆီကြား အဆင်မပြေမှုတွေ များစွာ ရှိခဲ့ပြီး အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ အဘီဒယ်လ်နဲ့လည်း အဆင်ပြေ ဖြစ်ခဲ့ရသလို အသင်းကလည်း ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ကစားသမားတွေကို လစာ ဖြတ်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိရာသီမှာ ဆုဖလား တစ်ခုမှ မရဘဲ ရာသီကုန်ဆုံးသွားခဲ့ရတာ ဖြစ်ပြီး မက်ဆီအနေနဲ့ နည်းပြဟောင်း ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို ပြောင်းသွားနိုင်ပါတယ်။