မန်ချက်စတာ စီးတီးအသင်း ကတော့ ဘာစီလိုနာ အသင်းကနေ ထွက်ခွာလုဆဲဆဲ အခြေအနေမှာ ရောက်နေတဲ့ မက်ဆီ ကို သက်တမ်း ၁၀ နှစ်ရှိတဲ့ စာချုပ်နဲ့ ခေါ်ယူ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပြီးတော့ ထိုစာချုပ်ထဲမှာ စီးတီးဘောလုံးအုပ်စု အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဘောလုံး သံအမတ်အဖြစ် ထမ်းဆောင်ပေးဖို့ အချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ မက်ဆီ အနေနဲ့ အသင်းနဲ့ သူ့အကြားမှာ ပြဿနာလေးတွေ ရှိခဲ့ပြီးတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တုန်းက ဘာစီလိုနာ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း စာချုပ်ဖျက်သိမ်းကြေး ရှိနေတာကြောင့် ပြောင်းရွှေ့ခွင့် မရခဲ့ပါဘူး။ မက်ဆီ သာ ဘာစီလိုနာ အသင်းနဲ့ အတူ စာချုပ်သစ် ထပ်မချုပ်ဆိုဖြစ်ခဲ့ရင် လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းက ထွက်ခွာလို့ရမှာ ဖြစ်ပါတယ်။

Photo Credit: AS English

မန်ချက်စတာစီးတီး အသင်း ပိုင်ဆိုင်တဲ့ စီးတီးဘောလုံးအုပ်စု က အာဂျင်တီးနားတိုက်စစ်မှူးကို အသက် ၄၃ နှစ် အရွယ်ထိ ကြာရှည်မယ့် စာချုပ်မျိုး ချုပ်ဆိုချင်နေပါတယ်။ Times သတင်းစာ ရဲ့ အဆိုအရ စီးတီး ဟာ မက်ဆီ ကို ၁၀ နှစ် သက်တမ်းရှိတဲ့ စာချုပ်မျိုးနဲ့ ကမ်းလှမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စာချုပ်ရဲ့ သဘောတရားကတော့ အကယ်၍ မက်ဆီသာ အီးတီးဟတ် မှာ ကစားချင်စိတ်မရှိတော့ဘူးဆိုရင် စီးတီးဘောလုံးအုပ်စုက ပိုင်ဆိုင်တဲ့ နယူးယောက်စီးတီး၊ မဲလ်ဘုန်းစီးတီး နဲ့ ယိုကိုဟားမား မာရီနို စသဖြင့် အစရှိတဲ့ ကျန်ရှိတဲ့ ၈ သင်းမှာ ကစားလို့ရမှာ ဖြစ်ပါတယ်။ အဆိုပါ စာချုပ်ထဲမှာ စီးတီးဘောလုံးအုပ်စု အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဘောလုံးသံအမတ် အဖြစ် ထမ်းဆောင်ပေးဖို့ တာဝန်လည်း ပါရှိနေတယ်လို့ ဖော်ပြထားပါတယ်။

Photo Credit: AS English

မက်ဆီ နဲ့ ဘာစီလိုနာ အကြား စာချုပ်ဟာ ဇွန်လ ၃၀ ရက်နေ့မှ ကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း မက်ဆီကို ခေါ်ယူမယ့် အသင်းတွေ အနေနဲ့ ဇန်နဝါရီ ၁ ရက်နေ့က စတင်ပြီးတော့ ညှိနှိုင်းမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မက်ဆီ နဲ့ ပတ်သက်ပြီး မကောင်း သတင်းတွေက အများကြီး ထွက်ပေါ်နေသလို ကစားဖော် ဂရစ်ဇမန်း ရဲ့ ဦးလေး ဖြစ်သူကလည်း သူ့ရဲ့တူ ခြေစွမ်းပြ ခြေစွမ်းပြနိုင်ခြင်း မရှိတာဟာ မက်ဆီကြောင့်လို့ စွပ်စွဲခဲ့ပါတယ်။ မက်ဆီကိုယ်တိုင်ကလည်း သူ့အနေနဲ့ အသင်းရဲ့ ပြဿနာ ကောင်လို့ အထင်ခံနေရတာ ပင်ပန်းနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့တာကြောင့် မက်ဆီ တစ်ယောက် ဘာစီလိုနာ အသင်းကနေ ထွက်ခွာဖို့က ရာခိုင်နှုန်း အတော်များနေပါတယ်။ ဆရာဟောင်းဖြစ်သူ ပက်ဂွာဒီယိုလာ ကလည်း မန်စီးတီး အသင်းနဲ့ အတူ ၂ နှစ်သက်တမ်း ရှိ စာချုပ် ထပ်မံ ချုပ်ဆိုခဲ့တာကြောင့် မက်ဆီ အနေနဲ့ ဆရာဟောင်းရှိရာ အသင်းဆီကို ပြောင်းရွှေ့မလားဆိုတာ ကတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ မန်ချက်စတာ စီးတီး အသင်းကလည်း မက်ဆီ ကို ခေါ်ယူမယ့် သတင်းတွေ မကြာခဏ ထွက်ပေါ်နေတာကြောင့် မက်ဆီ အနေနဲ့ မန်စီးတီး ကို ရောက်ရှိနိုင်ချေ များနေပါတယ်။