ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်စီးတီးအသင်းဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား တစ်ဦးဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား မက်ဆီကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အတွက် ကြိုးစားသွားမယ် လို့ သိရပါတယ်။ အသက် ၃၃နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကတည်းက မန်စီးတီး အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူ ဖြစ်ပြီး မန်စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသူလို့ သတင်းကြီးနေသူလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လက်ရှိ ဘောလုံးရာသီ အကုန်မှာ မက်ဆီဟာ ဘာစီလိုနာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာ ဖြစ်ပြီး မန်စီးတီးအသင်း ကတော့ မက်ဆီကို ခေါ်ယူဖို့ အတွက် နွေအပြောင်းအရွှေ့ အထိ မစောင့်ချင်တာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ မက်ဆီကို ခေါ်ယူဖို့ ဘာစီလိုနာ အသင်းထံ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ မန််စီးတီးအသင်းဟာ မက်ဆီကို ခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်းနဲ့ ကမ်းလှမ်းမှာ ဖြစ်ကြောင်း သိရပြီး ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိမ့်မယ် လို့ ယုံကြည်နေကြောင်း သိရှိ ရပါတယ်။

Photo Credit: Express

မက်ဆီလို ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်းဆိုတဲ့ ပမာဏနဲ့ ကမ်းလှမ်းမှုဟာ အရမ်းကို နည်းပါတဲ့ ကမ်းလှမ်းမှုတစ်ခု အဖြစ် ဆိုနိုင်ပေမယ့် တစ်ဖက်မှာတော့ မက်ဆီကိုသာ ရောင်းထုတ်လိုက်ရင် ဘာစီလိုနာ အသင်းဟာ သူတို့ခေါ်ယူချင်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်တော့မှာပါ။ ဘာစီ်လိုနာ အသင်းဟာ မက်ဆီကို တစ်နှစ်လုပ်ခ ယူရို၅ဝသန်းအထိ ပေးချေ နေရတာကြောင့် မက်ဆီကို ဇန်နဝါရီ အပြောင်းအရွှေ့မှာသာ ရောင်းချလိုက်ပါက သူတို့အသင်းအနေနဲ့ ယူရို၂၅သန််း ဝန်းကျင်ကို ချွေတာရာ ရောက်သွားမယ် လို့ ဘဏ္ဏာရေး ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ ဒါပေမယ့် ဘောလုံး သုတေသီတွေ ကတော့ ဘာစီလိုနာ အသင်းဟာ မန်စီးတီးအသင်းရဲ့ အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချဖွယ် ရှိပြီး လူငယ် နောက်ခံလူ ဂါစီယာ + ပေါင် ၁၅သန််းနဲ့ ကမ်းလှမ်းမှသာ မက်ဆီကို ရောင်းထုတ်သွားဖို့ စဉ်းစားဖွယ် ရှိကြောင်း သုံးသပ် ထားကြပါတယ်။