ရူဒီဂါ ခရစ္စတန်ဆန်တို့လို နောက်ခံကစားသမားတွေနဲ့ လက်တွဲဖြုတ်ထားခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ နွေဈေးကွက်အတွင်း ခံစစ်ကစားသမားသစ်တွေ မဖြစ်မနေ ပြန်လည်ဖြည့်တင်းသွားဖို့ လိုအပ်နေပြီး လက်ရှိမှာလည်း ခံစစ်ကစားသမားများစွာကို ပစ်မှတ်ထားနေသလို အသင်းရဲ့ နောက်ခံလူဟောင်း နေသန်အကီကိုလည်း မန်ချက်စတာစီးတီးအသင်းကနေ ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေပေမယ့် သူတို့အသင်းဘက်က အကီကို ဈေးသက်သက်သာသာနဲ့ ရောင်းချမှာ မဟုတ်ဘူးလို့ မန်စီးတီးဘက်က သတိပေး ပြောဆိုသွားခဲ့ပါတယ်။

Newcastle United transfer news: Nathan Ake responds to Man City exit reports with big vow on future

Photo Credit : TEAMtalk

ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က လာမယ့်ဘောလုံးရာသီအတွက် ခံစစ်ပိုင်းကိုသာ အဓိကပြင်ဆင်သွားချင်နေပြီး ခွန်ဒယ် ဒီလစ် ကူလီဘလီတို့လို ဥရောပ ကလပ်အသင်းတွေရဲ့ နောက်ခံလူတွေအပြင် အသင်းရဲ့ ကစားသမားဟောင်း နေသန်အကီကိုပါ ပြန်လည်ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းဘက်ကတော့ သူတို့ရဲ့ ဗဟိုခံစစ် ကစားသမား အကီကို အသင်းကနေ အလွယ်တကူ ရောင်းချမှာ မဟုတ်ပဲ အစားထိုး ကစားသမား ခေါ်ယူပြီးမှသာ ရောင်းချမှာ ဖြစ်သလို အကီရဲ့ တန်ကြေးကလည်း ချိုသာနေမှာ မဟုတ်ဘူးလို့ သတိပေးပြောဆိုလိုက်ပါတယ်။

Nathan Ake: Manchester City sign defender from Bournemouth | Football News | Sky Sports

Photo Credit : Sky Sports

အသက်(၂၇)နှစ်အရွယ် နယ်သာလန်လက်ရွေးစင် ဗဟိုနောက်ခံလူ အကီဟာ ၂၀၂၀ခုနှစ်ကမှ ဘုန်းမောက်ကနေ မန်စီးတီးအသင်းဆီကို ပေါင်(၄၁)သန်းနဲ့ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပေမယ့်လည်း ရူဘင်ဒီယက်စ် လာပေါ့တ်နဲ့ ဂျွန်စတုန်းစ်တို့လို ခံစစ်ကစားသမားကောင်းတွေကို ကျော်လွန်ပြီး စီးတီးခံစစ်မှာ နေရာရဖို့ မလွယ်ကူတာကြောင့် အကီကိုယ်တိုင် စီးတီးနဲ့ လမ်းခွဲချင်နေသလို စီးတီးဘက်ကလည်း အကီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ အစီအစဉ်မရှိတဲ့အပြင် အစားထိုး ကစားသမားပါ အလိုရှိနေပါတယ်။ ဒီလို အခြေအနေမှာ ချယ်လ်ဆီးဘက်က အကီကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ခေါ်ယူနိုင်ဖို့လည်း စီးတီးအသင်းဘက်ကို ဆက်သွယ်လာခဲ့ပေမယ့် စီးတီးဘက်ကတော့ သူတို့ကစားသမားကို ပြောင်းရွှေ့ကြေး သက်သက်သာသာနဲ့ ရောင်းချမှာ မဟုတ်သလို အစားထိုး ကစားသမား အရင်ခေါ်ယူနိုင်မှပဲ အကီကို လက်လွတ်နိုင်မယ်လို့ သတိပေးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးဟာ ခံစစ်ပိုင်းအတွက် အကီရဲ့ လက်ရွေးစင်အသင်းဖော် ဒီလစ်ကိုသာ ဦးစားပေး အလိုရှိနေပြီး ခေါ်ယူဖို့ ခက်ခဲနေတာကြောင့် ကူလီဘလီနဲ့ အကီတို့ကိုသာ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။