မန်ချက်စတာစီးတီးအသင်းကတော့ သူတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်ဂလပ် လူးဝစ်ဇ် ကို အဆက်မပြတ် စောင့်ကြည့်နေကာ လူးဝစ်ဇ်ရဲ့ ခြေစွမ်းတွေက အထင်ကြီးလောက်စရာ အခြေအနေမှာ ရှိနေတာကြောင့် အီးတီးဟတ်ကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒေါက်ဂလပ်စ် လူးဝစ်ဇ် ကတော့ အခုချိန်မှာ အက်စတွန်ဗီလာမှာ ကစားနေတာ ဖြစ်ပါတယ်။ မန်စီးတီး အသင်းအနေနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ အသင်းမှာ ရောက်ရှိနေတဲ့ ၂ နှစ်တာ ကာလ အတွင်း ခြေစွမ်းကောင်း မပြသနိုင်ခဲ့ခြင်း မရှိမှုအပေါ် စိတ်ပျက်ခဲ့ကာ နွေရာသီ အပြောင်းအရွှေ့မှာ လူးဝစ်စ်ကို အက်စတွန်ဗီလာ အသင်းထံ ယူရို ၁၅ သန်း နဲ့ ရောင်းချ ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Mail

အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတဲ့ ကွင်းလယ် ကစားသမား ဒေါက်ဂလပ်စ် လူးဝစ်ဇ် ဟာ ယခုရာသီမှာ အက်စတွန်ဗီလာ အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲစလုံးမှာ ပါဝင်ကစားပေးထားကာ အသင်းကို ၅ ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပြီးတော့ သူကိုယ်တိုင်ကလည်း အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် ဘရာဇီးလက်ရွေးစင် အသင်းမှာပါ ကစားရဖို့ နီးစပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီး အနေနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ် ကို ရောင်းချလိုက်သော်လည်း လူးဝစ်ဇ်ဟာ ထွန်းတောက်လာမယ့် အလားအလာကို စီးတီးအနေနဲ့ သိတာကြောင့် စာချုပ်ချုပ်ဆိုစဉ်က လူးဝစ်ဇ် ကိုပြန်လည် ခေါ်ယူဖို့ အတွက် သဘောတူညီမှု တစ်ခုပါ ထည့်သွင်း ခဲ့ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေမှာတော့ စီးတီးဟာ လူးဝစ်ဇ် ကို ၂၀၂၁ မှာ ပြန်လည် ခေါ်ယူဖို့ အစီအစဉ်တွေ စတင်သွားမယ်လို့ အင်္ဂလန် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Mail

မန်စီးတီး ကစားသမားတွေ ဖြစ်ကြတဲ့ ဖာနန်ဒင်ဟိုက အသက် ၃၅ နှစ်ရှိနေပြီဖြစ်သလို ဂန်ဒိုဂန် ကလည်း အသက် ၃၀ ရှိ‌နေပြီ ဖြစ်တာကြောင့် စီးတီးအနေနဲ့ မကြာခင်အချိန်အတွင်း ကွင်းလယ်ခံစစ်ပိုင်းမှာအပြောင်းအလဲ လုပ်ဖို့ လိုအပ်နေတယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ စီးတီး အနေနဲ့ ဒေါက်ကလပ်စ်လူးဝစ်ဇ် ကို ပြန်လည်ခေါ်ယူခဲ့ရင် ယူရို ၂၅ သန်းလောက်နဲ့ ကမ်းလှမ်းသွားနိုင်ချေရှိပြီး အကြောင်းအရင်းကတော့ အသင်းအတွက် တိုက်စစ်မှူးတစ်ဦးကိုလည်း ခေါ်ယူဖို့ လိုအပ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ စီးတီး အနေနဲ့ တိုက်စစ်ပိုင်းအတွက် ဒေါ့မွန် ကစားသမား အာလင်း ဟားလန်း ဒါမှမဟုတ် အင်တာ ကစားသမား လော့တာရိုး မာတီနက်ဇ် ကို ခေါ်ယူသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အက်စတွန်‌ဗီလာ အသင်းကလည်း လူးဝစ်ဇ်ကို အသင်းမှာဆက်ရှိနေဖို့ အတွက် ကြိုးစားသွားဖွယ်ရှိပြီး စီးတီး အသင်းရဲ့ ပြန်လည်ခေါ်ယူဖို့ ကိစ္စကိုလည်း ပယ်ချနိုင်ချေ ရှိပါတယ္။ စီးတီးရဲ့ ကင်းထောက်တွေက လူးဝစ်ဇ်ကို ပရီးမီးယားလိဂ်မှာ ထွန်းတောက်လာနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ထင်ကြေးပေးနေကြကာ ကစားသမားအနေနဲ့ ဆုံးဖြတ်ချက်မချရ သေးသော်လည်း စီးတီးဘက်ကနေ ပထမအသင်းမှာ ကစားခွင့်ရရှိမယ်ဆိုပြီး မက်လုံးပေးကာ ဆွယ်လျက် ရှိနေပါတယ်။