ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရာဟင်စတာလင်နဲ့ ဂါဘရီရယ်ဂျေဆူးတို့ကို ဒီနှစ်နွေဈေးကွက်ထဲ အသင်းကနေ ရောင်းထုတ်သွားဖို့ အစီအစဉ် ရှိလို့နေပြီး ကစားသမား ရောင်းချရမှုကနေ ပြောင်းရွှေ့ကြေး ယူရိုသန်းတစ်ရာဝန်းကျင်လောက် အလိုရှိနေတယ်လို့ သိရပါတယ်။

Man City ready to offer Raheem Sterling AND Gabriel Jesus to Tottenham to  seal stunning Harry Kane transfer

Photo Credit : The Sun

မန်စီးတီးအသင်းဟာ တိုက်စစ်ပိုင်းအတွက် နော်ဝေကြယ်ပွင့် အာလင်းဟော်လန်းနဲ့ ရေးဗားပလိတ်က အာဂျင်တီးနား တိုက်စစ်ကစားသမား အဲလ်ဗာရက်ဇ်တို့ကိုခေါ်ယူထားနိုင်ခဲ့သလို အသင်းမှာကလည်း အရည်အသွေးမြင့် တိုက်စစ်ကစားသမားကောင်းတွေလည်း ရှိနေသေးတာကြောင့် အသင်းမှာ နေရာရဖို့ ခဲယဉ်းလာနိုင်မယ့် စတာလင် ဂျေဆူးတို့ကို အသင်းကနေ ရောင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျေဆူးကို အာဆင်နယ်နဲ့ စပါးအသင်းတို့က အပြိုင်ကြိုးပမ်းနေကြပြီး စတာလင်ကိုတော့ ချယ်လ်ဆီးအသင်းက အဓိကပစ်မှတ်ထားနေပါတယ်။

Man City to 'offer Raheem Sterling and Gabriel Jesus' to Tottenham to seal  Harry Kane transfer - Daily Star

Photo Credit : Daily Star

မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား စတာလင်ဟာ လက်ရှိအချိန်မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ အခြေအနေမှာ ရှိမနေတဲ့အပြင် အသင်းကနေ ရောင်းထုတ်ခံရမယ့် အနေအထားမှာပါ ရှိနေရပါတယ်။ လက်ရှိမှာ စတာလင်ကို ချယ်လ်ဆီးအသင်းက စိတ်ဝင်စားလို့နေပြီး အသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူက အသင်းနဲ့ ပြန်လည်ပူးပေါင်းတော့မှာဖြစ်လို့ တိုက်စစ်ပိုင်းအတွက် ထိပ်တန်းကစားသမားတစ်ဦးအဖြစ် စတာလင်ကို အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စတာလင်အတွက် ချယ်လ်ဆီးဘက်က ယူရို(၂၅)သန်း+အပိုဆုကြေး ကမ်းလှမ်းမှုကို မန်စီးတီးက ပယ်ချထားခဲ့ပြီး ယူရို(၅၅)သန်းလောက်နဲ့ ကမ်းလှမ်းမှသာ အသင်းကနေ လက်လွတ်သွားဖွယ် ရှိနေပါတယ်။ ဒီလို အခြေအနေမှာ ချယ်လ်ဆီးဘက်က စတာလင်ကို နောက်ထပ်ကမ်းလှမ်းမှုတွေ ထပ်မံလုပ်ဆောင်သွားဖို့ ရှိနေသလို ဘရာဇီးလ်တိုက်စစ်မှူး ဂျေဆူးကိုလည်း မြောက်လန်ဒန်နှစ်သင်းက အပြိုင်လိုက်နေကြပြီး ဂျေဆူးအတွက်ကိုလည်း စတာလင်နည်းတူ ယူရိုသန်း(၅၀)လောက်နဲ့မှ လက်လွတ်သွားဖွယ် ရှိနေပါတယ်။ မန်စီးတီးအသင်းဟာ ဂျေဆူး စတာလင်တို့အပြင် ဇင်ချန်ကိုနဲ့ နေသန်အကီတို့ကိုလည်း အသင်းကနေ ရောင်းချသွားဖို့ ရှိနေတဲ့ပြင် ကယ်လ်ဗင်ဖီးလစ် ကူကူရယ်လာတို့ကို ထပ်မံခေါ်ယူသွားဖို့လည်း အစီအစဉ် ရှိနေတယ်လို့ သိရှိရပါတယ်။