ဒီနေ့ညမှာတော့ ဘောလုံးပရိသတ်တွေရဲ့အသည်းစွဲ ချန်ပီယံလိဂ်ပွဲတွေ ပြန်လည်ကျင်းပတော့မှာဖြစ်ပါတယ်။ ပြန်လည်ကျင်းပမယ့်နေ့မှာပဲ ကစားသွားမယ့်ပွဲတွေကလည်း ရှယ်ပွဲတွေဆိုတော့ ဘောလုံးပရိသတ်တွေအတွက် လုံးဝကို အိပ်ရပျက်ရကျိုးနပ်စေမယ့်ညတွေ ဖြစ်လာမှာသေချာနေပါတယ်။ ဒီညမှာ ကစားဖို့ရှိနေတဲ့ ပွဲစဉ်(၂)ပွဲထဲကမှ မန်စီးတီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး သိရှိထားရမယ့် ပွဲအချက်အလက်တွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

မန်စီးတီး

နောက်ဆုံး(၅)ပွဲအနေအထား – (၄)ပွဲနိုင် (၁)ပွဲရှံး

ပါဝင်ဖွယ်မရှိသူများ – မန်ဒီ(ပွဲပယ်) အဂွေရိုး(ဒဏ်ရာ/မသေချာ)

အဓိကစောင့်ကြည့်ရမယ့်သူ – ဒီဘရိုင်း

ဖြစ်နိုင်ဖွယ်လူစာရင်း (၄-၃-၃)

ဂိုး – အီဒါဆန်

နောက်တန်း – ဝေါ်ကာ ဖာနန်ဒင်ဟို လာပေါ့တ် ကန်ဆယ်လို

အလယ် – ဒီဘရိုင်း ရိုဒရီ ဂန်ဒိုဂန်

ရှေ့တန်း – စတာလင်း ဂျေဆူး မာရက်ဇ်

ရီးရဲလ်မက်ဒရစ်

နောက်ဆုံး(၅)ပွဲအနေအထား – (၄)ပွဲနိုင် (၁)ပွဲသရေ

ပါဝင်ဖွယ်မရှိသူများ – ရာမို့စ်(ပွဲပယ်) မာဆယ်လို(ဒဏ်ရာ/မသေချာ) ဒီယက်ဇ်(ဗိုင်းရပ်စ်ကူးစက်နေ) ဘေးလ်(လူစာရင်းမှာမပါဝင်) ဂျိမ်းစ်ရိုဒရီဂွက်ဇ် (လူစာရင်းမှာမပါဝင်)

အဓိကစောင့်ကြည့်ရမယ့်သူ – ဘန်ဇီမာ

ဖြစ်နိုင်ဖွယ်လူစာရင်း (၄-၃-၃)

ဂိုး – ကော်တွိုက်စ်

နောက်တန်း – မန်ဒီ မီလီတာအို ဗာရန်း ကာဗာဂျယ်

အလယ် – မိုဒရစ် ကတ်စ်မဲရိုး တိုနီကရူးစ်

ရှေ့တန်း – ဟာဇက် ဘန်ဇီမာ ဗင်နီစီယပ်စ်

စိတ်ဝင်စားဖွယ် အချက်အလက်များ

မန်စီးတီးနဲ့ ရီးရဲလ်တို့ဟာ မန်စီးတီးရဲ့အယ်တီဟတ်ကွင်းအတွင်း ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် (၂)ကြိမ်တွေ့ဆုံထားခဲ့ပြီး အဲ့ဒီ(၂)ကြိမ်လုံးမှာ သရေသာကျထားခဲ့ပြီး ဂိုးတွေလည်းနည်းပါးခဲ့ပါတယ်။

ရီးရဲလ်အသင်းက အင်္ဂလန်ကလပ်အသင်းတွေနဲ့ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း(၁၁)ပွဲမှာ နိုင်ပွဲ(၅)ပွဲ သရေပွဲ(၃)ပွဲနဲ့ ရှံးပွဲ(၃)ပွဲရှိခဲ့ပါတယ်။ ဥရောပမှာ အင်္ဂလန်ကလပ်အသင်း(၅)သင်းကို အဝေးကွင်းမှာ အနိုင်ယူခဲ့ဖူးတဲ့ အသင်းက ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေသာရှိပြီး ရီးရဲလ်ကတော့ (၄)သင်းကိုပဲ အနိုင်ယူခဲ့ဖူးပါသေးတယ်။

မန်စီးတီးအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှံးထွက်အဆင့်တွေမှာ ပထမအကျော့ကို အနိုင်ရခဲ့ယူခဲ့ပြီးတာနဲ့ နောက်တစ်ဆင့်အထိ တတ်လှမ်းနိုင်ခဲ့တာဟာ (၇)ကြိမ်အထိကို ရှိနေခဲ့ပါတယ်။

ရီးရဲလ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှံးထွက်အဆင့်တွေမှာ ပထမအကျော့ကို အရေးနိမ့်ခဲ့လို့ ဒုတိယအကျော့မှာ ပြန်လည်အနိုင်ယူနိုင်ခဲ့တာ ၂၀၁၅-၂၀၁၆ ရာသီကသာ နောက်ဆုံးတစ်ကြိမ်အဖြစ် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနည်းပြဂွာဒီယိုလာက ချန်ပီယံလိဂ်ရှံးထွက်ပွဲပေါင်း (၂၈)ပွဲအထိကို အနိုင်ယူကျော်ဖြတ်ခဲ့ဖူးသူဖြစ်ပြီး ဒါဟာ ပြိုင်ပွဲသမိုင်းတလျှောက် အများဆုံးအရေအတွက်ဖြစ်ပါတယ်။

ရီးရဲလ်နည်းပြဇီဒန်းက သူရဲ့နည်းပြဘဝတလျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ရှံးထွက်ပြိုင်ပွဲတွေကနေ တစ်ခါမှ မထွက်ခွာခဲ့ဖူးတဲ့ စံချိန်မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။

ပထမအကျော့တုန်းက ရီးရဲလ်ဟာ မန်စီးတီးဘက်ကို ဂိုးကန်ချက်(၉)ကြိမ်သာ ပြုလုပ်ခဲ့ပြီး ဒါက ဇီဒန်းလက်အောက် ချန်ပီယံလိဂ်ပွဲတွေအားလုံးထဲမှာ ဂိုးကန်ချက်အနည်းဆုံးပမာဏလည်းဖြစ်ခဲ့ရပါတယ်။