Metro သတင္းက ပရီးမီးယားလိဂ္ လက္ရွိ ခ်န္ပီယံ မန္စီးတီးအသင္းဟာ စပုိ႔တင္း ကြင္းလယ္လူ ဖာနန္ဒက္စ္ကုိ မန္ယူအသင္းနဲ႔ အျပိဳင္ ေပါင္ (၈၆) သန္းနဲ႔ ေခၚယူဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ ေဖာ္ျပသြားခဲ့ပါတယ္။ မန္ယူူအသင္းဟာ စပုိ႔တင္း ကြင္းလယ္လူ ဖာနန္ဒက္စ္ကုိ စိတ္ဝင္စားေပမဲ့လည္း စပုိ႔တင္းအသင္းက တုိးျမင္သတ္မွတ္ခဲ့တဲ့ ဖာနန္ဒက္စ္ရဲ႕ ေျပာင္းေရြ႕ေၾကး ေပါင္ (၆၈) သန္းကုိ ေပးေခ်ဖုိ႔ တြန္႔ဆုတ္ေနလ်က္ ရွိၿပီး ညွိႏႈိင္းမႈကုိလည္း ေခတၱ ရပ္ဆုိင္းထားလ်က္ ျဖစ္ပါတယ္။

Photo Credit: Metro

မန္ယူအသင္းဟာ ဖာနန္ဒက္စ္ရဲ႕ေျပာင္းေရြ႕ေၾကး ေပါင္ (၆၈) သန္းကုိ ညွိႏႈိင္းဖုိ႔ ရပ္ဆုိင္းထားၿပီး ဖာနန္ဒက္စ္ကုိ ေပါင္ သန္း (၅၀) ဝန္းက်င္နဲ႔သာ ေခၚယူခ်င္တာေၾကာင့္ စပုိ႔တင္းအသင္းအေနနဲ႔ မန္စီးတီးအသင္းကုိ မ်က္ႏွာသာေပးလာႏုိင္ပါတယ္။ မန္စီးတီးအသင္းဟာ စပုိ႔တင္း ကြင္းလယ္ကစားသမား ဖာနန္ဒက္စ္ကို စပုိ႔တင္း အသင္းရဲ႕ သတ္မွတ္ေၾကး ေပါင္ (၆၈) သန္းကုိ ေက်ာ္ၿပီး ေပါင္ (၈၆) သန္းနဲ႔ ေခၚယူဖုိ႔ စိတ္ဝင္စားလာတာေၾကာင့္ ေခၚယူႏုိင္ဖုိ႔ အားသာေနၿပီ ျဖစ္ပါတယ္။

Photo Credit: Metro

စပုိ႔တင္း ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ သူကုိယ္တုိင္က မန္ယူအသင္းကုိ ေျပာင္းေရြ႕ခ်င္ေနၿပီး မန္ယူအသင္းနဲ႔ သေဘာတူညီမႈ အခ်ဳိ႕ ရရွိခဲ့ၿပီး ျဖစ္ေပမဲ့ မန္စီးတီးအသင္းက စိတ္ဝင္စားလာလုိ႔ တစ္မ်ဳိးတစ္ဖုံ ေျပာင္းသြားႏုိင္ပါတယ္။ သူဟာ မန္ယူအသင္းကုိ ဘယ္ေလာက္ ေျပာင္းခ်င္ပါေစ စပုိ႔တင္းအသင္းက ေငြမ်က္ႏွာေၾကာင့္ မန္စီးတီးအသင္းကုိ မ်က္ႏွာသာ ေပးလုိက္မယ္ဆုိရင္ျဖင့္ ဖာနန္ဒစ္စ္ဟာ မန္ယူကစားသမား မဟုတ္ဘဲ မန္စီးတီး ကစားသမားလည္း ျဖစ္လာႏုိင္ပါတယ္။

{Unicode}

Metro သတင်းက ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းဟာ စပို့တင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ကို မန်ယူအသင်းနဲ့ အပြိုင် ပေါင် (၈၆) သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ စပို့တင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ကို စိတ်ဝင်စားပေမဲ့လည်း စပို့တင်းအသင်းက တိုးမြင်သတ်မှတ်ခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ ပြောင်းရွေ့ကြေး ပေါင် (၆၈) သန်းကို ပေးချေဖို့ တွန့်ဆုတ်နေလျက် ရှိပြီး ညှိနှိုင်းမှုကိုလည်း ခေတ္တ ရပ်ဆိုင်းထားလျက် ဖြစ်ပါတယ်။

Photo Credit: Metro

မန်ယူအသင်းဟာ ဖာနန်ဒက်စ်ရဲ့ပြောင်းရွေ့ကြေး ပေါင် (၆၈) သန်းကို ညှိနှိုင်းဖို့ ရပ်ဆိုင်းထားပြီး ဖာနန်ဒက်စ်ကို ပေါင် သန်း (၅၀) ဝန်းကျင်နဲ့သာ ခေါ်ယူချင်တာကြောင့် စပို့တင်းအသင်းအနေနဲ့ မန်စီးတီးအသင်းကို မျက်နှာသာပေးလာနိုင်ပါတယ်။ မန်စီးတီးအသင်းဟာ စပို့တင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကို စပို့တင်း အသင်းရဲ့ သတ်မှတ်ကြေး ပေါင် (၆၈) သန်းကို ကျော်ပြီး ပေါင် (၈၆) သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာတာကြောင့် ခေါ်ယူနိုင်ဖို့ အားသာနေပြီ ဖြစ်ပါတယ်။

Photo Credit: Metro

စပို့တင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ သူကိုယ်တိုင်က မန်ယူအသင်းကို ပြောင်းရွေ့ချင်နေပြီး မန်ယူအသင်းနဲ့ သဘောတူညီမှု အချို့ ရရှိခဲ့ပြီး ဖြစ်ပေမဲ့ မန်စီးတီးအသင်းက စိတ်ဝင်စားလာလို့ တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်ပါတယ်။ သူဟာ မန်ယူအသင်းကို ဘယ်လောက် ပြောင်းချင်ပါစေ စပို့တင်းအသင်းက ငွေမျက်နှာကြောင့် မန်စီးတီးအသင်းကို မျက်နှာသာ ပေးလိုက်မယ်ဆိုရင်ဖြင့် ဖာနန်ဒစ်စ်ဟာ မန်ယူကစားသမား မဟုတ်ဘဲ မန်စီးတီး ကစားသမားလည်း ဖြစ်လာနိုင်ပါတယ်။