မန်စီးတီးလို အသင်းကြီးတစ်သင်းမှာ ဘောလုံးရာသီတလျှောက်လုံး ပွဲဲထွက်ကစားခွင့်တွေ ပုံမှန်ရရှိဖို့က မလွယ်ကူလှပဲ နေရာတစ်ခုမှာ အနည်းဆုံး ကစားသမား(၂)ယောက်လောက် ရှိနေတာမို့ မာရက်ဇ်လို ကစားသမားကောင်းတစ်ယောက်တောင် ပုံမှန်နေရာရဖို့က ခက်ခဲနေရပြီး ဒီရာသီမှာလည်း အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ နည်းပါးခဲ့ကာ လူစားဝင်ကစားသမားအဖြစ်သာ ကစားနေခဲ့ရတာကြောင့် မာရက်ဇ်အခြေအနေကို အသင်းတချို့ကနေ စောင့်ကြည့်လျက်ရှိနေပြီး လီဂူးချန်ပီယံအသင်းကြီးတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကလည်း မာရက်ဇ်ကို အထူးပစ်မှတ်ထားလို့နေပါတယ်။

Photo Credit : Manchester Evening News

အသက်(၂၉)နှစ်အရွှယ်ရှိ အယ်ဂျီးရီးယားလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား မာရက်ဇ်ဟာ လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်ထားခဲ့သူဖြစ်ပြီး အယ်ဂျီးရီးယားအသင်းနဲ့လည်း အာဖရိကဖလားချန်ပီယံကို ဆွတ်ခူးထားခဲ့သူဖြစ်ပါတယ်။ မာရက်ဇ်ဟာ မန်စီးတီးအသင်းဆီကို ၂၀၁၈ခုနှစ်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲထွက်ခွင့်တွေက မျှော်လင့်ထားသလောက် မရရှိထားတာကြောင့်မို့ သူရဲ့အနာဂတ်နဲ့ပတ်သက်ကာ စဉ်းစားစရာဖြစ်လာခဲ့သလို ဒီအခြေအနေတွေကိုလည်း ပီအက်စ်ဂျီအသင်းကနေ စောင့်ကြည့်နေလျက်ရှိကာ မန်စီးတီးကတော့ မာရက်ဇ်ကို ရောင်းချမှာမဟုတ်ဘူးလို့ သတိပေးသွားခဲ့ပါတယ်။

Photo Credit : Four Four Two

မာရက်ဇ်နဲ့ မန်စီးတီးအသင်းတို့ကြားက ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့်၂၀၂၃ခုနှစ်မှသာ ကုန်ဆုံးမှာဖြစ်သလို မန်စီးတီးကလည်း သူတို့ကစားသမားနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာကြောင့် ကမ်းလှမ်းမှုတွေကို ငြင်းဆန်ပယ်ချလာနိုင်ပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းဟာ လာမယ့်နွေစျေးကွက်မှာ မာရက်ဇ်နဲ့အတူ အခြားသော တောင်ပံကစားသမားနှစ်ယောက်ဖြစ်တဲ့ လီရွိုင်းဆာနေးနဲ့ ရာဟန်စတာလင်းတို့ကိုလည်း အသင်းမှာ ဆက်ထိန်းသိမ်းထားဖို့ ကြိုးစားရဦးမှာဖြစ်သလို ဆာနေးကို ဘိုင်ယန်မြူးနစ်အသင်းက ပစ်မှတ်ထားနေသလို စတာလင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူချင်နေပါတယ်။ မန်စီးတီးဟာ သူတို့ရဲ့ FFP စည်းမျဉ်းချိုးဖောက်မှုကြောင့် လာမယ့်ရာသီကနေစတင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို (၂)နှစ်ဆက်တိုက် ပါဝင်ကစားခွင့် ပိတ်ပင်ထားခံရကာ ဒီဖြစ်ရပ်ကြောင့် ကစားသမားတွေ အသင်းကနေ ထွက်ခွာလာနိုင်ပါတယ်။