လာမယ့်နွေစျေးကွက်ထဲမှာ နော်ဝေတိုက်စစ်ကစားသမားလေး အာလင်းဟာလန်းကို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေ အပြိုင်အဆိုင် ကမ်းလှမ်းကြဖွယ် ရှိနေပေမယ့် ဟာလန်းကို ခေါ်ယူချင်နေကြတဲ့ အသင်းတွေအနေနဲ့ ဟာလန်းရဲ့ စာချုပ်လျော်ကြေး တစ်ခုတည်းကိုသာမကပဲ ဟာလန်းရဲ့အေးဂျင့်နဲ့ ဖခင်တို့အတွက် ကော်မရှင်ခတွေ အပါအဝင် ဟာလန်းကို တစ်နှစ်လုပ်ခအဖြစ် ပေါင်(၂၆)သန်းကနေ သန်း(၃၀)ဝန်းကျင်လောက်အထိပါ ပေးချေရဖွယ် ရှိနေရပါတယ်။

Erling Haaland: Details of Man City 'offer' for Borussia Dortmund striker  revealed

Photo Credit : 90Min

အသက်(၂၁)နှစ်အရွှယ်ရှိ နော်ဝေလက်ရွေးစင် ဒေါ့မွန်တိုက်စစ်ကစားသမား ဟာလန်းဟာ ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေခဲ့တုန်းက ၂၀၂၂ခုနှစ် နွေရာသီမှာ ပေါင်(၆၄)သန်းတန် စာချုပ်လျော်ကြေး စတင်အသက်ဝင်ရမယ်လို့ စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားခဲ့တာကြောင့် ကလပ်အသင်းတွေက လာမယ့်နွေမှာ ဟာလန်းကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းအနေနဲ့ ဟာလန်းအတွက် ပေါင်(၆၄)သန်းနဲ့သာ ကမ်းလှမ်းရမှာ မဟုတ်ပဲ သူရဲ့အေးဂျင့် ရွိုင်ယိုလာနဲ့ သူရဲ့ဖခင်တို့အတွက် ကော်မရှင်ခ ပေါင်သန်း(၆၀)လောက်အထိ ဆက်လက်ပေးချေရဖွယ် ရှိနေသလို ဟာလန်းအတွက်ကိုလည်း တစ်နှစ်လုပ်ခအဖြစ် ပေါင်(၂၆)သန်းလောက်ပါ ပေးချေရနိုင်ပါတယ်။

Manchester City have reportedly put forward an offer for Erling Haaland

Photo Credit : The Sun

လက်ရှိမှာတော့ ဟာလန်းကို မန်ချက်စတာစီးတီး ရီးယဲလ်မက်ဒရစ်အသင်းတို့က အသေအချာ ပစ်မှတ်ထားနေကြပြီး ဘာစီလိုနာ ဘိုင်ယန်မြူးနစ် ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကလည်း ဟာလန်းကို စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် ဟာလန်းအတွက် စာချုပ်လျော်ကြေးတစ်ခုတည်းကိုသာ အသုံးပြုသွားရမှာ မဟုတ်ပဲ အေးဂျင့်ခ ကော်မရှင်ခနဲ့ ကစားသမားအတွက် ပေးချေရမယ့် လုပ်ခလစာတွေ စုစုပေါင်းဆိုရင် (၅)နှစ်စာချုပ်အရ ပေါင်(၂၅၄)သန်းထိ ပေးချေရနိုင်မှာဖြစ်လို့ ဟာလန်းကို ခေါ်ယူဖို့ လက်လျှော့သွားကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဟာလန်းကို လက်လျှော့ခြင်းမရှိပဲ ဆက်လက်ကြိုးပမ်းနေတဲ့ အသင်းကတော့ မန်ချက်စတာစီးတီးအသင်းဖြစ်ပြီး ဟာလန်းကိုပါ တစ်ပတ်ပေါင်(၅)သိန်းလောက်အထိ ပေးချေသွားဖို့ပါ ဆန္ဒရှိနေတယ်လို့ သတင်းတွေ ဖော်ပြထားခဲ့ပါတယ်။ ဒီရာသီမှာ ဆုဖလား(၃)လုံး လမ်းကြောင်းပေါ် ရှိနေရတဲ့ မန်စီးတီးအသင်းက လာမယ့်စျေးကွက်အတွင်း အသင်းရဲ့ အထောင်တိုက်စစ်နေရာအတွက် အရည်အသွေးမြင့် No.9 Striker တစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားချင်နေပြီး ဂိုးသွင်းအားကောင်းတဲ့ ဟာလန်းကို အရခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။