ဒီနေ့ည မြန်မာစံတော်ချိန်(၂)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားမယ့် မာဆေးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၂)အတွင်းမှာ မန်စီးတီးဘက်က အဓိကကွင်းလယ်ကစားသမား ကယ်ဗင်ဒီဘရိုင်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖို့ သေချာနေပေမယ့် အသင်းရဲ့အဓိကတိုက်စစ်ကစားသမားကြီး ဆာဂျီယိုအဂွေရိုးကတော့ ဒဏ်ရာအခြေအနေကြောင့် ဒီပွဲကို လွဲချော်ရမှာဖြစ်သလို တစ်လနီးပါးလောက်ပါ ထပ်မံအနားယူရဖွယ်ရှိတယ်လို့ နည်းပြပတ်ဂွာဒီယိုလာက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

နိုင်ငံတကာပွဲစဉ်တွေ ပါဝင်ဆင်နွဲရင်းနဲ့ ဒဏ်ရာရရှိလာခဲ့လို့ ရက်အနည်းငယ် အနားယူနေရတဲ့ ဘယ်ဂျီယံလက်ရွေးစင် ကွင်းလယ်ကစားသမားဒီဘရိုင်းဟာ ဝက်စ်ဟမ်းအသင်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့လို့ မာဆေးလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖွယ် ရှိနိုင်ပါတယ်။ ဒီဘရိုင်းက အသင်းအတွက် ပါဝင်ကစားပေးဖွယ် ရှိနေပေမယ့် တိုက်စစ်ကစားသမားကြီးအဂွေရိုးကတော့ တံကောက်ကြောဒဏ်ရာကြောင့် တစ်လနီးပါးလောက်အထိတောင် အနားယူရဖွယ် ရှိနေပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား အဂွေရိုးဟာ ဒူးဒဏ်ရာကြောင့် (၃)လဝန်းကျင်လောက် အနားယူခဲ့ရပြီး အခုလည်း တံကောက်ကြောဒဏ်ရာကြောင့်ပါ (၂)ပတ်ကနေ (၄)ပတ်လောက်အထိ အနားယူရနိုင်တယ်လို့ ဂွာဒီယိုလာက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ အဂွေရိုးရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဂွာဒီယိုလာက”သူရဲ့ဒဏ်ရာအခြေအနေပေါ် မူတည်ပြီး (၁၀)ရက်ကနေ (၁၅)ရက်လောက်အထိတော့ အနည်းဆုံးလောက် အနားယူရနိုင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ ထပ်မံပြောဆိုမှုအရ အဂွေရိုးကို အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ကြံခိုင်မှုမပြည့်ဝတဲ့ အနေအထားနဲ့ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာတော့ အဂွေရိုးက ဒဏ်ရာထပ်ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဂွေရိုးဟာ အခု ၂၀၂ဝခုနှစ်အတွင်းမှာပဲ ဒဏ်ရာရတာ (၃)ကြိမ်မြောက်အထိ ရှိလာခဲ့လို့ မန်စီးတီးအသင်းဘက်ကနေ အဂွေရိုးကို စာချုပ်သက်တမ်းတိုးဖို့ မရေမရာ ဖြစ်လာခဲ့ပြီလို့ သိရှိရပါတယ်။ အဂွေရိုးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး မန်စီးတီးဘက်ကနေလည်း ဘာစီလိုနာအသင်းရဲ့တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကို ခေါ်ယူသွားဖို့ ရှိနေတာကြောင့် အဂွေရိုးနဲ့ မန်စီးတီးတို့ လမ်းခွဲကြဖွယ်လည်း ရှိလာနိုင်ပါတယ်။