MySport Myanmar

နိုင်ပွဲဆက်နေတဲ့ ဘာစီလိုနာကို ချန်ပီယံလိဂ်ပွဲမှာပဲ ရပ်တန့်ပလိုက်တဲ့ မန်စီးတီး

ဘာစီလိုနာ အမျိုးသမီး ဘောလုံးအသင်းကတော့ ဒီနှစ်ဘောလုံးရာသီအတွင်းမှာသာမကပဲ လွန်ခဲ့တဲ့ ဧပြီလကတည်းကနေ အောက်တိုဘာလဆန်းပိုင်းအထိ တောက်လျှောက် နိုင်ပွဲတွေ ဆက်နေခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့မနက်အစောပိုင်း မန်ချက်စတာမှာ ကျင်းပသွားခဲ့တဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ အိမ်ရှင် မန်စီးတီးကို ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတုန်းက အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း လိုင်ယွန်ကို (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ဘာစီလိုနာ အမျိုးသမီးအသင်းဟာ ဒီရာသီရဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ နောက်ပိုင်းနှစ်တွေထဲ အင်အား ပိုမို တောင့်တင်းလာခဲ့တဲ့ မန်စီးတီး အမျိုးသမိးအသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit : Marca

ရာသီသစ် မစတင်ခင်ကတည်းက ခြေစမ်းပွဲစဉ် အားလုံးမှာ ရာနှုန်းပြည့် နိုင်ပွဲရထားခဲ့တဲ့ ဘာစီလိုနာ အမျိုးသမီးအသင်းဟာ Liga F အမှတ်ပေးပြိုင်ပွဲ စတင်ချိန်မှာလည်း အမှတ်ပေးပွဲ (၅)ပွဲလုံး နိုင်ပွဲတွေ ရယူထားနိုင်ခဲ့သလို ဂရန်နာဒါ အမျိုးသမီးအသင်းနဲ့ မက်ဒရစ် အမျိုးသမီးအသင်းတွေကိုလည်း (၂)ပွဲပေါင်း (၁၈)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

တားမရ ဆီးမရအောင် ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဘာစီလိုနာ အမျိုးသမီးအသင်းဟာ သူတို့အသင်းနီးပါးလောက် ရလဒ်တွေ ကောင်းမွန်နေတဲ့ မန်စီးတီး အမျိုးသမီးအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် ထိပ်တိုက် တွေ့ဆုံချိန်မှာတော့ (၂)ဂိုးပြတ်နဲ့ပင် အရှုံးပေးခဲ့ရပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘာစီလိုနာ အမျိုးသမီးအသင်းကို ရှုံးပွဲတွေ့အောင် ကစားနိုင်ခဲဲ့တဲ့ အသင်းကလည်း WSL က ချယ်လ်ဆီး အမျိုးသမီးအသင်း ဖြစ်ခဲ့ပေမယ့် အဲ့ဒီတုန်းက ဒုတိယအကျော့မှာ ဘာစီလိုနာက ချယ်လ်ဆီးကို ပြန်လည် အနိုင်ယူခဲ့ပါသေးတယ်။ အခုလည်း အင်္ဂလန်မြေမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ရပေမယ့် စပိန်မြေရောက်ရင် ရှုံးကြွေးဆပ်ဖို့ အားထုတ် ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။

ဒီရာသီ အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု (D) မှာ လက်ရှိ ချန်ပီယံ ဘာစီလိုနာ ၊ မန်စီးတီး ၊ ဆွီဒင်ကလပ် ဟမ်မားဘီနဲ့ သြစတြီးယားကလပ် ဆန့်ပေါ်လီအသင်းတို့ တစ်အုပ်စုတည်း ကျရောက်လို့နေပြီး လက်ရှိ အခြေအနေအရ မန်စီးတီး အမျိုးသမီးအသင်းက အုပ်စုဗိုလ်နေရာနဲ့ နောက်တစ်ဆင့်တက်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရပါတယ်။

Exit mobile version