မန်စီးတီအသင်းရဲ့ ညာနောက်ခံ ကစားသမား ဖြစ်သူ ကိုယ်လီ ဝေါလ်ကာကတော့ အသင်းဖော် ကွင်းလယ်လူ ဖီးလ် ဖိုဒင်ဟာ သူ မြင်ခဲ့ဖူးသမျှတွေထဲမှာ အကောင်းဆုံး လူငယ် ကစားသမား ဖြစ်ပြီး စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီ ကိန်းထက် သာတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဖိုဒင်ဟာ မန်စီးတီးအသင်းရဲ့ လူငယ် အကယ်ဒမီအသင်းကနေ ပထမအသင်းကို တက်ရောက် ကစားနိုင်ခဲ့တာ ဖြစ်ပြီး နည်းပြ ပက် ဂွါဒီယိုလာရဲ့ နည်းပြမှု လက်အောက်မှာ ဝါရင့် ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ဒီဘရှိုင်း၊ ဆေးဗားလ်၊ ဘာနာဒို ဆေးလ်ဗားတို့နဲ့ ကစားခဲ့ရပါတယ်။

Photo Credit: Goal

ကွင်းလယ် ကစားသမား ဖိုဒင်ဟာ မန်စီးတီးအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရနိုင်ပေမယ့်လည်း ပွဲထွက်ခွင့် နဲ့ လူစားလဲ ကစားခွင့် ရရှိတဲ့ ပွဲစဉ်တိုင်းမှာ အကောင်းဆုံး ပေးဆပ် ကစားနိုင်ခဲ့ပြီး လက်ရှိရာသီမှာ မန်စီးတီးအသင်း ပြိုင်ပွဲစုံ (၃၃) ပွဲအထိ ကစားခွင့် ရရှိထားတာပဲ ဖြစ်ပါတယ်။ ကွင်းလယ်လူ ဖိုဒင်ဟာ လက်ရှိရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၇) ဂိုး နဲ့ ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု (၉) ကြိမ် ပြုလုပ်ထားတာ ဖြစ်ပြီး မန်စီးတီးအသင်းရဲ့ ညာနောက်ခံလူ ဝေါလ်ကာကတော့ အသင်းဖော် ဖိုဒင်ကို စပါးအသင်းရဲ့ ဟယ်ရီ ကိန်းထက် သာတယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အသင်းရဲ့ ဝက်ဆိုဒ်မှာ ညာနောက်ခံလူ ကိုင်လီ ဝေါလ်ကာက “ကျွန်တော် မြင်ခဲ့ဖူးသမျှထဲမှာ ဖိုဒင်က အကောင်းဆုံး လူငယ် ကစားသမား ဖြစ်ပါတယ်။ ဒီလို ပြောရတာဟာ ဟယ်ရီ ကိန်း၊ မေဆွန်၊ တောင်ဆန်၊ ဟယ်ရီ ဝင့်ခ်တို့လို အလွန် ကောင်းတဲ့ ကစားသမားတွေနဲ့ ကစားပြီးတဲ့ အချိန်မှာ ပြောနိုင်တာပါ။ ဖိုဒင်က ကျွန်တော်အတွက်တော့ သူတို့တွေထက် ပိုပြီး သာပါတယ်။ ဘာလို့လဲဆိုရင် သူ့ရဲ့ ပွဲစဉ်အပေါ် သိမြင်မှုကြောင်း ဖြစ်ပါတယ်။ သူက ဒေးဗစ် ဆေးလ်ဗားကို ကြည့်ပြီး သူဆီကနေ သင်ယူလို့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူ့ရဲ့ ပွဲစဉ်အမြင်ကြောင်းလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ သူကသာ ဆက်တိုးတက်နေမယ်၊ ဆက်ဖန်တီးနေမယ်၊ ဆုံးဖြတ်ချက် မှန်လာမယ် ဆိုရင် အတွေ့အကြုံ ရင့်လာမယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောသွားပါတယ်။