MySport Myanmar

ဒဏ်ရာကို ခွဲစိတ်မှု ခံယူခဲ့ပေမယ့် world cup မှာ ပါဝင်နိုင်ဖို့ မသေချာသေးတဲ့ ဝေါ်ကာ

မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံအစွန်လူ ကိုင်းဝေါ်ကာက လက်ရှိမှာ သူ ခံစားနေရတဲ့ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်မှု ခံယူလိုက်ပြီး ခွဲစိတ်မှုက အောင်မြင်သွားခဲ့ပေမယ့်လည်း အနားယူရမယ့် အချိန်ကာလကို အတိအကျ မသိနိုင်သေးပဲ လာမယ့် နိုဝင်ဘာလထဲ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်နိုင်ဖို့အတွက်ပါ မရေမရာ ဖြစ်လာခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit : The Sun

အင်္ဂလန်လက်ရွေးစင် ညာနောက်ခံကစားသမား ဝေါ်ကာဟာ မန်ချက်စတာဒါဘီပွဲစဉ်မှာ ရရှိသွားခဲ့တဲ့ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်မှုပါ ခံယူခဲ့ရာ ခွဲစိတ်မှု အောင်မြင်ခဲ့ရပေမယ့်လည်း ရက်သတ္တပတ် အနည်းငယ်လောက် အနားယူရဖွယ် ရှိနိုင်တာကြောင့် နောက်လထဲမှာ ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအမှီ fit ဖြစ်နေပါ့မလားဆိုတာ စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။ ဝေါ်ကာက မန်စီးတီးအသင်းမှာရော အင်္ဂလန်အသင်းမှာပါ ပုံမှန်နေရာ တစ်နေရာကို အခိုင်အမာ ရရှိထားသူဖြစ်ပြီး အင်္ဂလန်ရော မန်စီးတီးမှာပါ သူ့နေရာအတွက် တခြားကစားသမားတွေ ရှိနေတယ် ဆိုပေမယ့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲနီးမှ ကစားသမားရဲ့ world cup dream က မရေမရာ ဖြစ်လာနိုင်တာဟာ အတော်လေး ဆိုးရွှားလှပါတယ်။

Photo Credit : The Sun

ဝေါ်ကာက မန်ချက်စတာဒါဘီပွဲစဉ်ရဲ့ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ သူရဲ့ဘယ်ခြေထောက်နား ပေါင်ခြံနားမှာ ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရမှာတော့ အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်းနဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း ဆက်လက် ဖော်ပြပေးသွားမှာဖြစ်ကြောင်း မန်စီးတီးအသင်းဘက်က ထုတ်ပြန်လာခဲ့ပါတယ်။ ဒီဒဏ်ရာအခြေအနေကြောင့် ဝေါ်ကာဟာ ကိုပင်ဟေဂင်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ထားခဲ့ရပြီး နည်းပြဂွာဒီယိုလာကတော့ ဝေါ်ကာနေရာမှာ ကန်ဆယ်လိုကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ ညာနောက်ခံနေရာအပြင် (၃)ယောက်တန်းခံစစ်မှာပါ ပါဝင်ကစားတတ်သူဖြစ်တဲ့ ဝေါ်ကာက ဒီနှစ်ဘောလုံးရာသီအတွင်း မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲ ပါဝင်ထားခဲ့ပြီး အင်္ဂလန်ရဲ့ ဒီနှစ်အတွင်း ကစားသွားခဲ့တဲ့ UEFA Nations League အုပ်စုပွဲစဉ်တွေအတွင်းမှာလည်း (၅)ပွဲထိကို centre-back တစ်ဦးအဖြစ် ပါဝင်ကစားခဲ့ပါတယ်။

Exit mobile version