မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန်ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား (၃) ဦးကို ရွေးချယ်ခဲ့တဲ့ အချိန်မှာ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကို မရွေးချယ်ခဲ့ဘဲ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ၊ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေ နဲ့ မန်စီးတီး ကွင်းလယ် ဒီဘရှိုင်းတို့ကို ရွေးချယ်ခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကတော့ ပြီးခဲ့တဲ့ နှစ်မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု “ဘလွန်းဒီအော်”ဆုကို (၆) ကြိမ်မြောက် ရရှိခဲ့တာကြောင့် (၅) ကြိမ်အထိ ရရှိခဲ့တဲ့ ပြိုင်ဘက် တိုက်စစ်မှူး ရော်နယ်ဒိုကို ကျော်လွန်ပြီး ဘလွန်းဒီအော်ဆု အများဆုံး ရရှိသူ ဖြစ်လာခဲ့ပါတယ်။

Photo Credit: Goal

မက်ဆီ နဲ့ ရော်နယ်ဒိုတို့ဟာ ပြီးခဲ့တဲ့ (၁၀) နှစ်အတွင်းမှာ အမြင့်မားဆုံး ပုံစံတွေကို ပြသခဲ့ကြပြီး လက်ရှိမှာ ကစားသမားရဲ့ နေဝင်ချိန်ကို ရောက်ရှိလာပြီ ဖြစ်ကြပေမဲ့လည်း နှစ်ယောက်စလုံးက ကျဆင်းလာတဲ့ အရိပ်အယောက်ကို မပြကြဘဲ ခြေစွမ်းထက်မြက်နေကြဆဲ ဖြစ်နေကြပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရှိရာသီ စီးရီးအေ ပြိုင်ပွဲမှာ သူ ပါဝင်ကစားခဲ့ရတဲ့ ပွဲစဉ် (၁၁) ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်း မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန်ကတော့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား (၃) ဦးကို ရွေးချယ်တဲ့ အချိန်မှာ ရော်နယ်ဒိုကို ချန်ထားခဲ့ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဂန်ဒိုဂန်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား (၃) ယောက်က ဘယ်သူတွေလဲလို့ အမေးခံလိုက်ရတဲ့ အချိန်မှာ သူက “နံပါတ် (၁) က မက်ဆီ၊ နံပါတ် (၂) က ဒီဘရှိုင်း နဲ့ နံပါတ် (၃) က အမ်ဘာပေ” ဖြစ်တယ်လို့ တွစ်တာမှာ ရေးပြီး ရွေးချယ်သွားခဲ့ပါတယ်။ ကွင်းလယ်လူ ဂန်ဒိုဂန်ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကစားသမား (၃) ယောက် စာရင်းမှာ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကို မထည့်ခဲ့ဘဲ တိုက်စစ်မှူး ရေ်ာနယ်ဒိုထက်စာရင် မက်ဆီ၊ ဒီဘရှိုင်း နဲ့ အမ်ဘာပေတို့က ပို ကောင်းတယ်လို့ ပြောလိုက်သလို ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ ဂန်ဒိုဂန်ဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲ ကစားခဲ့ပြီး သွင်းဂိုး (၂) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ခဲ့တာကြောင့် သွင်းဂိုး (၃) ဂိုးမှာ တိုက်ရိုက်ပါဝင်ပက်သက်ခဲ့ပါတယ်။