MySport Myanmar

သူတို့ရဲ့ အောင်မြင်မှုတွေက မြို့ခံအသင်းအတွက် အနှောင့်အယှက် ဖြစ်စေမယ်လို့ လာပေါ့တ် လှောင်ပြောင်

မန်ချက်စတာစီးတီးအသင်းရဲ့ စပိန်နောက်ခံကစားသမား အမ်းမရစ်လာပေါ့တ်က သူတို့အသင်းရဲ့ ဆုဖလားအောင်မြင်မှုတွေဟာ သူတို့ရဲ့ အိမ်နီးချင်း ကလပ်အသင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်စေရတယ်လို့ ပြောဆိုခဲ့ပြီး ဒါဟာ နှစ်အတော်ကြာ ဆုဖလားလက်မဲ့ ဖြစ်နေရတဲ့ သူတို့ရဲ့ မန်ချက်စတာမြို့ခံ မန်ချက်စတာယူနိုက်တက်အသင်းကို ခနဲ့ပြောဆိုမှုတစ်ခုလို ဖြစ်သွားစေခဲ့ရပါတယ်။

Photo Credit : BBC

လာပေါ့တ်ရဲ့ မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကနေ ဦးဆောင်နေသလို ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ကို တတ်လှမ်းထားသလို အက်အေဖလားပြိုင်ပွဲဘက်မှာလည်း ဆီမီးထိ ရောက်ရှိနေတာကြောင့် ဖလား(၃)လုံးလမ်းကြောင်းမှာ ရှိနေရပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆုဖလားအောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့တာဖြစ်လို့ ဒီလို အောင်မြင်မှုတွေက သူတို့ရဲ့ မြို့ခံအသင်းဖြစ်တဲ့ ယူနိုက်တက်အတွက် စိတ်အနှောင့်အယှက် ဖြစ်နေရလိမ့်မယ်လို့ လာပေါ့တ်က ခနဲ့တဲ့တဲ့ ပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

လာပေါ့တ်က “သူတို့က ကျွန်တော်တို့တွေကို ငြီးငွေ့နေတာ မဟုတ်နိုင်ဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ အမြဲတမ်း နိုင်ပွဲတွေ ရနေတာကိုလည်း သာမာန်ပဲလို့ သူတို့ထင်ကြမှာတော့ မဟုတ်ဘူး။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် (၄)နှစ်တာအတွင်းမှာ ကျွန်တော်တို့ ဆုဖလား(၁၁)ခုအထိကို ဆွတ်ခူးနိုင်ခဲ့ရပါတယ်။ ဒါက လူတချို့ကိုတော့ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းတွေလို ဘာတစ်ခုမှ မအောင်မြင်နိုင်ခဲ့တဲ့ လူတွေကို ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ သူတို့မှာ အားပေးနေသူတွေ အများကြီး။ ပြီးတော့ ကျွန်တော်တို့တွေက တစ်မြို့တည်းရယ်။ သူတို့ ဘာလို့ အခုလို ဖြစ်နေရသလဲဆိုတာကို နားလည်ရခက်စေတယ်။ သူတို့လည်း ငွေကြေးအကုန်အကျတွေများစွာ သုံးစွဲခဲ့သေးတာလေ။ ဒါပေမယ့် အနိုင်ရသူဆိုတာကတော့ တစ်ဦးတည်းပဲ ရှိနေမှာပါ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ လာပေါ့တ်ရဲ့ မန်စီးတီးအသင်းနဲ့ မြ်ို့ခံယူနိုက်တက်အသင်းတို့ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း နှစ်ကြိမ်တိုင် တွေ့ဆုံဖူးထားပြီး အိုးထရက်ဖို့ဒ်မှာလည်း (၂)ဂိ်ုး ဂိုးမရှိနဲ့ အနိုင်ယူထားသလို အယ်တီဟတ်မှာပါ (၄)ဂိုး (၁)ဂိုးနဲ့ နှစ်ပွဲစလုံး အနိုင်ယူထားခဲ့ပါတယ်။

Exit mobile version