MySport Myanmar

ဟော်လန်းကို ခေါ်ယူနိုင်ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် ကျောနံပါတ်ကို မထုတ်ပြန်ခဲ့သေးတဲ့ စီးတီး

မန်ချက်စတာစီးတီးအသင်းကတော့ နွေရာသီ အသင်းရဲ့ အဓိကပစ်မှတ် နော်ဝေတိုက်စစ်ကစားသမား အာလင်းဟော်လန်းကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလာခဲ့ပေမယ့်လည်း ဟော်လန်းရဲ့ ကျောနံပါတ်ကိုတော့ မထုတ်ပြန်ခဲ့သေးပဲ ဟော်လန်း ဝတ်ဆင်ချင်နေတဲ့ ကျောနံပါတ်(၉)ကို ဂါဘရီရယ်ဂျေဇူးက ဝတ်ဆင်ထားတာဖြစ်လို့ ဂျေဇူးနဲ့ ဟော်လန်းမှာ ဘယ်သူက နံပါတ်(၉)ကို ပိုင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Photo Credit : The Sun

နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟော်လန်းဟာ ဒေါ့မွန်အသင်းကို ရောက်ခါစက ကျောနံပါတ်(၁၇)ကို ဝတ်ဆင်ခဲ့ပေမယ့်လည်း သူရဲ့ ဒေါ့မွန်ကစားသမားဘဝ full season အစမှာပဲ ကျောနံပါတ်(၉)ကို ပြောင်းလဲဝတ်ဆင်ခဲ့ရသလို ဟော်လန်းလို အရည်အသွေးမြင့် အထောင်တိုက်စစ်မှူးတစ်ဦးဟာလည်း ကျောနံပါတ်(၉)နဲ့ အလိုက်ဖက်ဆုံး ဖြစ်နေရပါတယ်။ ဒါပေမယ့် လက်ရှိ မန်စီးတီးအသင်းရဲ့ ကျောနံပါတ်(၉)မှာ ပိုင်ရှင်ရှိနေတာဖြစ်ပြီး ဘရာဇီးလ် တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးက ဝတ်ဆင်ထားတာဖြစ်ပါတယ်။

Photo Credit : Twitter

မန်စီးတီးရဲ့ ကျောနံပါတ်(၉)ပိုင်ရှင် ဂျေဇူးဟာ ဟော်လန်းနဲ့ မန်စီးတီးတို့ သတင်းတွေ ထွက်ပေါ်နေစဉ်ကတည်းက သူရဲ့အနာဂတ်ပါ လှုပ်ခတ်လာခဲ့ရတာဖြစ်ပြီး လက်ရှိမှာလည်း ဂျေဇူးကို အာဆင်နယ် ချယ်လ်ဆီး စပါးတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် ရီးယဲလ်မက်ဒရစ် အေစီမီလန်နဲ့ ဘိုင်ယန်မြူးနစ်တို့လို ဥရောပအသင်းတွေပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရလည်း ဂျေဇူးအနေနဲ့ မန်စီးတီးကနေသာ ထွက်ခွာသွားမယ်ဆိုရင် ပရီးမီးယားလိဂ် အသင်းတွေဆီကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းထွက်နေသလို တစ်ဖက်မှာလည်း မန်စီးတီးမှာသာ ဆက်လက်ရှိနေနိုင်တယ်လို့ သတင်းထွက်နေရပါတယ်။ တကယ်လို့ ဂျေဇူးသာ မန်စီးတီးကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် ဟော်လန်းအနေနဲ့ ကျောနံပါတ်(၉)ကို ဝတ်ဆင်ခွင့် ရနိုင်ပေမယ့် ဂျေဇူးကက မန်စီးတီးမှာပဲ ဆက်ရှိနေမယ်ဆိုရင်တော့ ဂျေဇူးပဲ ကျောနံပါတ်(၉)ကို ဆက်ဝတ်ခွင့်ရမလား ဟော်လန်းက ဂျေဇူးရဲ့ ကျောနံပါတ်(၉)ကို ပြောင်းလဲဝတ်ဆင်ခွင့် ရနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ တကယ်လို့ ဟော်လန်းအနေနဲ့ ကျောနံပါတ်(၉)ကို ဝတ်ခွင့်မရခဲ့ဘူးဆိုရင် သူရဲ့ဖခင် မန်စီးတီးမှာ ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ်(၁၅)ကိုလည်း ရွေးချယ်ဖွယ် ရှိနိုင်ပါတယ်။

Exit mobile version