မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ်ဂွာဒီယိုလာက အီတလီ စီးရီးအေပြိုင်ပွဲမှာ အလုပ်လုပ်ချင်နေတယ်လို့ ဂွာဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်သူ မာနူရယ်အက်စတီယာတေက ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Football Tweet ⚽ в Twitter: „Pep Guardiola on returning to Roma last  night: "Nothing changed. I was still on the bench, Totti still on the  pitch." http://t.co/C6ObZM6cCg“ / Twitter

Photo Credit : Twitter

အသက်(၅၂)နှစ်အရွယ်ရှိ စပိန်လူမျိုး ဘောလုံးနည်းပြ ဂွာဒီယိုလာဟာ ကစားသမားတစ်ဦးအဖြစ် ကျင်လည်ခဲ့စဉ်တုန်းက အီတလီ စီးရီးအေမှာ ဖြတ်သန်းခဲ့ဖူးသူဖြစ်ပြီး ရိုးမားနဲ့ ဘရက်ရှားအသင်းတွေအတွက် ပါဝင်ကစားခဲ့ပါတယ်။ ကွင်းလယ်ခံစစ်နေရာမှာ ကစားခဲ့သူဖြစ်တဲ့ ဂွာဒီယိုလာဟာ စီးရီးအေမှာ ဘောလုံးရာသီ (၃)ရာသီအထိ ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဂွာဒီယိုလာအနေနဲ့ နည်းပြတစ်ယောက် ဖြစ်လာချိန်မှာ စီးရီးအေပြိုင်ပွဲဆီကို နည်းပြအဖြစ်နဲ့ တစ်ကျော့ပြန် ရောက်လာချင်တာပဲ ဖြစ်ပါတယ်။

Photo Credit : Eurosport

“ကျွန်တော်တို့တွေ အီတလီ ဘောလုံးလောကကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ပက်ပ်က အီတလီ ယဉ်ကျေးမှုနဲ့ အီတလီ ဘောလုံးနယ်ပယ်ကို နှစ်သက် သဘောကျသူ ဖြစ်ပါတယ်။ အဲ့ဒါကိုလည်း မကြာခဏ ပြောဆိုနေတတ်ပါတယ်။ အီတလီမှာ အလုပ်လုပ်ဖို့က သူရဲ့အိမ်မက်ပါပဲ။ ဒါပေမဲ့ အင်္ဂလန်မှာက ယဉ်ကျေးမှုတွေ ကွဲပြားပါတယ်။ ဒီမှာက သူတို့တွေဟာ ရက်သတ္တပတ်အတွင်းမှာလည်း အလုပ်အပေါ်ပဲ အာရုံစိုက်စေချင်နေတာ။ အီတလီနဲ့ စပိန်မှာကတော့ ကွဲပြားပါတယ်။ စာရွက်ပေါ်မှာ နေ့တိုင်း တစ်ခုခု ရေးခိုင်ပြီး အဲ့ဒါတွေကနေ အာရုံစိုက်စရာ အလုပ်တချို့ကို နုတ်ယူလိုက်ပါတယ်” လို့ အက်စတီယာတေက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

နာမည်ကျော် ဘောလုံးနည်းပြဖြစ်သူ ဂွာဒီယိုလာဟာ စပိန် ဂျာမနီနဲ့ အင်္ဂလန်တို့မှာ အလုပ်လုပ်ကိုင်ခဲ့ဖူးတာဖြစ်ပြီး ဘာစီလိုနာ ဘိုင်ယန်မြူးနစ် မန်စီးတီးအသင်းတွေကို ကိုင်တွယ်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိ မန်စီးတီးအသင်းမှာ (၇)နှစ်နီးပါးအထိ ကိုင်တွယ်ထားတဲ့ နည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးနဲ့ ၂၀၂၅ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူဖြစ်ပြီး သူရဲ့စာချုပ်သက်တမ်းက ကုန်ဆုံးသွားချိန်မှာ သူရဲ့အိမ်မက်ဖြစ်တဲ့ စီးရီးအေပြိုင်ပွဲဝင် အသင်း တစ်သင်းသင်းဆီ ပြောင်းရွှေ့သွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။