မန်စီးတီးအသင်းကတော့ မနှစ်ကနွေစျေးကွက်အတွင်း အသင်းကနေ အက်စတွန်ဗီလာအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၅)သန်းနဲ့ ရောင်းချခဲ့တဲ့ ဘရာဇီးကွင်းလယ်ကစားသမားလေး ဒေါက်ဂလပ်လုဇ်ကို ပြန်လည်ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ကစားသမားကို ရောင်းချခဲ့ချိန်တုန်းကလည်း ပေါင်(၂၅)သန်းနဲ့ ပြန်လည်ခေါ်ယူခွင့်ကိုပါ စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားခဲဲ့တာဖြစ်လို့ လုဇ်အနေနဲ့ အသင်းကနေ ရောင်းချခံရအပြီး တစ်နှစ်အကြာမှာပဲ အသင်းဟောင်းမန်စီးတီးဆီကို ပြန်လည်ရောက်ရှိလာရဖွယ် ရှိနေပါတယ်။

Photo Credit : MSN

အသက်(၂၂)နှစ်အရွှယ်ရှိ ဘရာဇီးကွင်းလယ်ကစားသမား ဒေါက်ဂလပ်လုဇ်ဟာ ဗီလာအသင်းကို ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်နေအောင် ကူညီပေးခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းအတွက်ကိုလည်း ပွဲပေါင်းများစွာ ပါဝင်ကစားပေးထားခဲ့သူဖြစ်ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသလို့ထားတဲ့ လုဇ်ကို အာဆင်နယ်အသင်းကနေပါ စိတ်ဝင်စားလာခဲ့သလို သူရဲ့အသင်းဟောင်းဖြစ်တဲ့ မန်စီးတီးအသင်းကပါ လုဇ်ကို ပြန်လည်ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့ပြီး အသင်းကနေ ရောင်းချခဲ့ပြီး တစ်နှစ်အကြာမှာပဲ လုဇ်က မန်စီးတီးအသင်းဆီကို ပြန်ရောက်ရဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

ဒေါက်ဂလပ်လုဇ်ဟာ ၂၀၁၇ခုနှစ်ကမှ ဘရာဇီးကလပ် ဗက်စ်ကိုဒါဂါးမားအသင်းကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပါဝင်ကစားဖို့ အလုပ်ပါမစ် မကျသေးတဲ့အတွက် စပိန်ကလပ် ဟီရိုနာအသင်းဆီမှာ နှစ်ရာသီအငှားနဲ့ ပါဝင်ကစားခဲ့ရအပြီး မန်စီးတီးကို ပြန်ရောက်လာချိန်မှာလည်း ပွဲထွက်ခွင့်တွေရဖို့ မလွယ်ကူသေးတဲ့အတွက် အက်စတွန်ဗီလာအသင်းဆီကို ရောင်းချခံလိုက်ရတာဖြစ်ပါတယ်။ လုဇ်ဟာ ဗီလာအတွက် ပြိုင်ပွဲစုံ(၄၂)ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီး သွင်းဂိုး(၃)ဂိုးနဲ့ ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ကာ ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံးနီးပါး ပါဝင်ကစားထားခဲ့ကာ အသင်းကို ချန်ပီယံရှစ်ဆီ တန်းပြန်မဆင်းသွားရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့တဲ့ လုဇ်ကို မန်စီးတီးကနေ ပြန်လည်ခေါ်ယူချင်နေပေမယ့်လည်း အသင်းမှာက ဂန်ဒိုဂန် ဒီဘရိုင်း ရိုဒရီတို့လို ကွင်းလယ်ကစားသမားကောင်းတွေ ရှိနေတာဖြစ်လို့ အသင်းမှာ ပုံမှန်နေရာဖို့က မလွယ်ကူနိုင်တာမို့ အသင်းဟောင်းဆီ ပြန်သွားဖွယ်မရှိသလို ဗီလာမှာပဲ ဆက်နေဖွယ်ရှိပါတယ်။ နာသန်အကီ ဖာရန်တောရက်စ်တို့ကို ခေါ်ယူထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ လက်ရှိမှာတော့ နာပိုလီနောက်ခံလူ ကူလီဘလီကို ခေါ်ယူဖို့အတွက် ကြိုးပမ်းလျက်ရှိနေပါတယ်။