မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်စျေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးကို အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့်လည်း GiveMeSport သတင်းမီဒီယာရဲ့ ဖော်ပြချက်အရတော့ စီးတီးဟာ ဂျေဇူးထက် ဂျေဇူးရဲ့အသင်းဖော်ဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမား ရီးယတ်မာရက်ဇ်ကိုသာ ရောင်းထုတ်သွားနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Footballghana

လာမယ့်နွေမှာ ဒေါ့မွန်အသင်းရဲ့ နော်ဝေကြယ်ပွင့် တိုက်စစ်ကစားသမား အာလင်းဟာလန်းကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတဲ့ မန်စီးတီးအသင်းဟာ အသင်းရဲ့ တိုက်စစ်မှာ ကစားသမားအင်အား ဖောင်းပွနေတာမျိုး မဖြစ်စေဖို့နဲ့ ဟာလန်းကို ခေါ်ယူရာမှာလည်း အပြောင်းအရွှေ့ အပြီးသတ်အတွက် ပေါင်သန်း(၃၀၀)လောက်အထိပါ သုံးစွဲလာရနိုင်လို့ အသုံးစရိတ်နဲ့ ပြန်လည်ရရှိတဲ့ ငွေကြေးပိုင်းမှာ ဘဏ္ဍာရေး ဟန်ချက်ညီနေစေဖို့အတွက် အသင်းရဲ့ ကစားသမား တစ်ဦးနှစ်ဦးလောက်ကို ပြန်လည်ရောင်းထုတ်ဖို့ လိုအပ်လာခဲ့ရတာ ဖြစ်ပါတယ်။

Man City blow their chance to kill off Real Madrid - now they must pray it  doesn't haunt them - NEWS

Photo Credit : NEWS

ဒီလို ကစားသမား ရှင်းထုတ်ဖို့ လိုအပ်လာခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ဆက်စပ်တဲ့ သတင်းတွေက ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာပဲ ပေါ်ထွက်လာခဲ့ပြီး ဟာလန်းသာ အသင်းကို ရောက်ရှိလာခဲ့မယ်ဆိုရင် နည်းပြပတ်ဂွာဒီယိုလာက တိုက်စစ်မှာ ဟာလန်းကိုပဲ ပုံမှန်နေရာပေးလာနိုင်တာကြောင့် ဂျေဇူးက နေရာပျောက်လာနိုင်ပြီး ဂွာဒီယိုလာရဲ့ အနာဂတ် plan မှာပါ ဂျေဇူး မပါဝင်လာနိုင်တော့ဘူးဆိုပြီး သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။ အာဆင်နယ်အသင်းနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လိုက်သေးတဲ့ ဂျေဇူးဟာ ဒီသတင်းတွေ ထွက်ပေါ်လို့အပြီးမှာပဲ (၂)ပွဲအတွင်း (၅)ဂိုးထိကို သွင်းယူပြနိုင်ခဲ့ပြီး အသင်းအတွက် ခြေစွမ်းကောင်းတွေပါ ပြသထားနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် အကောင်းဆုံး form တွေ ပြသနေနိုင်တဲ့ ဂျေဇူးထက် အသင်းမှာ ဖိုဒန် စတာလင် ဂရီးလစ်ရှ်တို့နဲ့ နေရာအပြိုင်အဆိုင် ဖြစ်နေရတဲ့ မာရက်ဇ်ကိုသာ အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိလာနိုင်တာ ဖြစ်ပါတယ်။ ဂျေဇူးရော မာရက်ဇ်ရောဟာ ၂၀၂၃ခုနှစ်မှာ စာချုပ်သက်တမ်းတွေ အသီးသီး ကုန်ဆုံးကြမှာဖြစ်ပြီး လက်ရှိအနေအထားအရ မာရက်ဇ်ကိုသာ အရောင်းစာရင်းတင်ဖွယ် ရှိနေရပါတယ်။