မန်စီးတီးအသင်းဟာ လတ်တလောမှာ အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီ စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းတို့ထက် အက်စတွန်ဗီလာအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဂျက်ဂရီးလစ်ရှ်ကိုပဲ အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ သတ်မှတ်လို့ထားတယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Eurosport

အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂရီးလစ်ရှ်ဟာ မနှစ်က ဘောလုံးရာသီကမှ ဗီလာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် လာရောက်ကစားခဲ့ရတာဖြစ်ပြီး အသင်းကို ချန်ပီယံရှစ်ဆီ တန်းပြန်မဆင်းရဖို့အတွက် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ ဒီရာသီမှာလည်း ဗီလာအသင်းရဲဲ့ ကွင်းလယ်နဲ့တိုက်စစ်ပိုင်းအတွက် အကောင်းဆုံးမောင်းနှင်ပေးနိုင်သူဖြစ်ပြီး အသင်းကို အမှတ်ပေးဇယားရဲ့ အဆင့်(၇)ထိ ရောက်ရှိနိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Express & Star

ဒီလိုစွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့သူ ဂရီးလစ်ရှ်ကို အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်က အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းအတွင်းမှာပါ ရွေးချယ်လာခဲ့သလို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလ်အသင်းများစွာကနေလည်း ဂရီးလစ်ရှ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။ အထူးသဖြင့် မန်ချက်စတာယူနိုက်တက်အသင်းကနေ ဂရီးလစ်ရှ်နဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်လာခဲ့ပေမယ့်လည်း ဗီလာဘက်ကနေ သူတို့ရဲ့ အသင်းခေါင်းဆောင်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၇၀)လောက်အထိ သတ်မှတ်ခဲ့တာကြောင့် ယူနိုက်တက်ဘက်က ကမ်းလှမ်းမှုတွေကို ထပ်မံမလုပ်ဆောင်တော့တာလကြောင့် ဂရီးလစ်ရှ်အနေနဲ့လည်း ဗီလာမှာပဲ ကျန်ရစ်ခဲ့ရသလို ဗီလာနဲ့လည်း စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဂရီးလစ်ရှ်ကို ယူနိုက်တက်အသင်းကနေလည်း ပြန်လည်စိတ်ဝင်စားလျက်ရှိနေသလို ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကလည်း ဂရီးလစ်ရှ်ကို သူတို့အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ပါ သတ်မှတ်လို့ထားနေပါတယ်။ မန်စီးတီးအသင်းဟာ သူတို့အသင်းနဲ့ ကောလဟာလတွေ ထွက်ပေါ်နေတဲ့ မက်ဆီ ဟယ်ရီကိန်းတို့ထက် လတ်တလောမှာ ပုံစံကောင်းတွေ အတော်လေးကို ပြသလျက်ရှိနေတဲ့ ဂရီးလစ်ရှ်ကို ပိုမိုအလိုရှိနေပြီး ဗီလာဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို လုံးဝရောင်းချဖွယ်မရှိပဲ ရောင်းချရမယ်ဆိုရင်တောင် ပေါင်သန်းတစ်ရာလောက်အထိ စျေးသတ်မှတ်နိုင်ပါတယ်။