မန်စီးတီးအသင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ လိုင်ယွန်အသင်းကို အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကနေ ပြန်လှည့်ပြန်လာခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံလီဗာပူးလ်အသင်းရဲ့ ရမှတ်ကွာဟမှုများစွာနဲ့ ဒုတိယနေရာနဲ့ပဲ ရာသီသိမ်းခဲ့ရတာကြောင့် ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့လိုအပ်ချက်တွေအတွက် အင်အားဖြည့်တင်းသွားဖို့ လုပ်ဆောင်သွားဖွယ် ရှိနေသလို အသင်းရဲ့နည်းပြကြီး ပတ်ဂွာဒီယိုလာမှာလည်း အသင်းနဲ့ လမ်းခွဲသွားဖို့ တဖြည်းဖြည်းနီးစပ်လာခဲ့ပါတယ်။

Photo Credit : Harry Hotspurs

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ပြည်တွင်းမှာ အောင်မြင်မှုများစွာ ယူဆောင်ပေးထားခဲ့တဲ့ နည်းပြတစ်ယောက်ဖြစ်ပေမယ့် ဥရောပမှာတော့ အောင်မြင်မှုတွေ အရယူဆောင်ပေးဖို့ ရုန်းကန်နေခဲ့ရပြီး ကိုင်တွယ်ခဲ့တဲ့ (၄)နှစ်တာ ကာလအတွင်းမှာ အမြင့်မားဆုံးအဖြစ် ကွာတားဖိုင်နယ်အဆင့်ထိကိုပဲ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း (၁၀)လသာ ကျန်ရှိတော့တာဖြစ်ပြီး အသင်းနဲ့ သက်တမ်းတိုးဖို့ကိုလည်း လုပ်ဆောင်ခြင်းမရှိသေးတာကြောင့် အသင်းနဲ့ လမ်းခွဲရဖို့က တဖြည်းဖြည်းနီးစပ်လာခဲ့ကာ ဘောလုံးရာသီသစ် မတိုင်ခင်မှာပဲ အနာဂတ်အတွက် ဆုံးဖြတ်တစ်ခု ချမှတ်ရဖွယ်ရှိနေရပါတယ်။

Photo Credit : Marca

တကယ်လို့သာ ဂွာဒီယိုလာက အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ သူရဲ့နေရာအတွက် စပါးအသင်းရဲ့နည်းပြဟောင်း မာရီစီယိုပိုချက်တီနိုနဲ့ အစားထိုးသွားဖွယ် ရှိနေပါတယ်။ စပါးအသင်းကို သမိုင်းရဲ့သမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖိုင်နယ်အထိ ပို့ဆောင်ထားခဲ့ပေးတဲ့ ပိုချက်တီနိုဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လို့နေပြီး နည်းပြအပြောင်းအလဲ လုပ်ဆောင်သွားတော့မယ့် ဘာစီလိုနာအသင်းရဲ့နည်းပြသစ် ဖြစ်လာနိုင်မယ့်သူအဖြစ် ရေပန်းစားလို့နေပါတယ်။ ဒါပေမယ့်လည်း ပိုချက်တီနိုကိုယ်တိုင် သူရဲ့အသင်းဟောင်း အက်စပန်ညိုအသင်းရဲ့ကတ်တလန်ဒါဘီအသင်းဖြစ်တဲ့ ဘာစီလိုနာဆီမှာ နည်းပြအဖြစ် ဆောင်ရွှက်ဖို့ ဝန်လေးနေသလို ဘာစီလိုနာရဲ့အဓိက ကစားသမားတွေကလည်း ပိုချက်တီနိုကို သူတို့ရဲ့နည်းပြအဖြစ် အလိုမရှိတာကြောင့် မန်စီးတီးဘက်ကနေသာ ကမ်းလှမ်းမှုပြုလုပ်လာခဲ့မယ်ဆိုရင်တော့ လက်ခံသွားဖွယ် ရှိနေပါတယ်။