MySport Myanmar

မန်ယူ legend ကာရစ်ကို မန်စီးတီး legend ကွန်ပနီက အနိုင်ယူသွားခဲ့

ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် ဘောလုံးနည်းပြတွေအဖြစ်နဲ့ ကျင်လည်နေကြတဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း မိုက်ကယ်ကာရစ်နဲ့ မန်ချက်စတာစီးတီး ကစားသမားဟောင်း ဗင်းဆင့်ကွန်ပနီတို့ ထိပ်တိုက် တွေ့ဆုံခဲ့ရာ ကွန်ပနီရဲ့ ဘန်လေအသင်းက ကာရစ်က မစ်ဒယ်ဘရော့အသင်းကို (3-1) နဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Sports Illustrated

ဘန်လေအသင်းဟာ အသင်းနဲ့ နှစ်ရှည်လများစွာ လက်တွဲခဲ့တဲ့ ဝါရင့်နည်းပြကြီး ရှောင်ဒိုက်နဲ့ လမ်းခွဲပြီးနောက်မှာ မန်စီးတီးအသင်းရဲ့ legend player အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဘောလုံးသမားဘဝအတွင်း မန်စီးတီးအသင်းနဲ့အတူ အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ ကွန်ပနီဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက်မှာလည်း ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်ကို ကိုင်တွယ်ဖြစ်ခဲ့သလို အခုလည်း ဘန်လေနည်းပြအဖြစ် ဆောင်ရွှက်နေရာ အသင်းကို အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာထိပါ ပို့ဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ကွန်ပနီလိုပဲ ဘောလုံးသမားဘဝကနေ အနားယူပြီး နည်းပြနယ်ပယ်ထဲကို တဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့သူ ယူနိုက်တက်က် legend ကြီး မိုက်ကယ်ကာရစ်ဟာလည်း ယူနိုက်တက်မှာ မော်ရင်ဟို ဆိုးလ်ရှားတို့ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွှက်ခဲ့သလို ယူနိုက်တက် ယာယီနည်းပြအဖြစ်ပါ တာဝန်ယူခဲ့ရင်း မကြာသေးခင်ကမှ သူရဲ့ ပထမဆုံး နည်းပြချုပ်အဖြစ် မစ်ဒယ်ဘရော့မှာ စတင် တာဝန်ယူခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ကာရစ်ဟာ လတ်တလောမှာတော့ မစ်ဒယ်ဘရော့အသင်းကို (၇)ပွဲသာ ကိုင်တွယ်ထားရသေးပြီး (၇)ပွဲမြောက်မှာပဲ ကွန်ပနီရဲ့ ဘန်လေအသင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်း နှစ်သင်းလုံး ဂိုးမရှိသရေ ဖြစ်နေခဲ့ပေမယ့် ဒုတိယပိုင်း ပြန်စပြီး (၄)မိနစ်အကြာမှာ ကာရစ်ရဲ့ မစ်ဒယ်ဘရော့က ဂိုးစတင် သွင်းယူခဲ့ရင်း ပွဲကို ဦးဆောင်ခဲ့ရာ အိမ်ရှင်ဘန်လေက (၁၂)မိနစ်အတွင်းမှာ (၃)ဂိုး ပြန်လည် သွင်းယူခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ကွန်ပနီရဲ့ ဘန်လေအသင်းက ကော်နာရောဘတ် ထုတ်ပယ်ခံခဲ့ရပြီး မစ်ဒယ်ဘရော့က ပင်နယ်တီကန်ခွင့် ရခဲ့ပေမယ့်လည်း ဂိုးမဝင်ခဲ့တာကြောင့် ဘန်လေကသာ (3-1)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရင်း အမှတ်ပေးဇယားမှာ ဆက်လက် ဦးဆောင်နေခဲ့ပါတယ်။

Exit mobile version